သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးတုံး သတ်ဖြတ်မှု အိုင်ဗရီကို့စ်မှာ ဖြစ်မှာ စိုးရိမ်ရ

လူမျိုးတုံး သတ်ဖြတ်မှု အိုင်ဗရီကို့စ်မှာ ဖြစ်မှာ စိုးရိမ်ရ
လူမျိုးတုံး သတ်ဖြတ်မှု အိုင်ဗရီကို့စ်မှာ ဖြစ်မှာ စိုးရိမ်ရ

အိုင်ဗရီကို့စ်နိုင်ငံမှာ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲကနေ သမ္မတနေရာ အငြင်းပွားနေမှုဟာ သူ့နိုင်ငံကို လူအစုလိုက် အပြုံလိုက် အသတ်ခံစေရမယ့် အန္တရာယ် ချောက်နှုတ်ခမ်းနားကို တွန်းပို့သလို ဖြစ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ အိုင်ဗရီကို့စ် သံအမတ်သစ်က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) ဆီကို သံအမတ်သစ် ယူဆွတ် ဘမ်ဘာ (Youssofou Bamba) က သူ့ရဲ့ သံအမတ် ခန့်အပ်လွှာကို ပေးအပ်ရင်း အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ဘမ်ဘာကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုက်အဝန်းကနေ အိုင်ဗရီကို့စ်ရဲ့ သမ္မတအဖြစ် လက်ခံထားတဲ့ အလက်ဆန်း ဝါတရာ (Alassane Ouattara) က သံအမတ်အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့က ကျင်းပခဲ့တဲ့ အိုင်ဗရီကို့စ် သမ္မတ ရွေးကောက်ပွဲမှာ မစ္စတာ ဝါတရာရော လက်ရှိသမ္မတ လောရင့် ဘဂ်ဘို (Laurent Gbagbo) ကပါ သူတို့ အနိုင်ရကြောင်း ကြေညာခဲ့ပါတယ်။

မစ္စတာ ဘဂ်ဘိုက သမ္မတ ရာထူးက ဆင်းပေးဖို့ ငြင်းဆိုခဲ့ပြီး ဒီရာထူးနေရာ အငြင်းပွားနေမှုကနေ အခု လူပေါင်း ၁၇၀ ကျော်အထိ သေဆုံးခဲ့ရပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။

တကယ်လို့ လိုအပ်ရင် စစ်ရေးအရ ပါဝင် ဖြေရှင်းမယ်လို့ ဆုံးဖြတ်ခဲ့ကြောင်း အနောက်အာဖရိကနိုင်ငံ ခေါင်းဆောင်တွေက မနေ့က ပြောကြားခဲ့သလို ဒေသတွင်း အဖွဲ့အစည်းကြီး ဖြစ်တဲ့ ECOWAS အဖွဲ့က ကိုယ်စားလှယ်တွေကလည်း မစ္စတာ ဘဂ်ဘိုနဲ့ ဆွေးနွေးပြောဆိုဖို့အတွက် အစီအစဉ်တွေ လုပ်နေပါတယ်။

This item is part of
XS
SM
MD
LG