သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုင်ဗရီကို့စ်မှာ အစိုးရနဲ့ သူပုန်ကြား တိုက်ပွဲ အပြင်းအထန်ဖြစ်


အိုင်ဗရီကို့စ်မှာ အစိုးရနဲ့ သူပုန်ကြား တိုက်ပွဲ အပြင်းအထန်ဖြစ်

အိုင်ဗရီကို့စ်နိုင်ငံရဲ့ လက်ရှိသမ္မတ လောရင့် ဘက်ဂ်ဘို (Laurent Gbagbo) အပေါ် သစ္စာခံတဲ့ တပ်ဖွဲ့တွေနဲ့ သူပုန်တပ်ဖွဲ့ ၂ ဖွဲ့စလုံးက အရပ်သားတွေအပေါ် ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေကို ရပ်တန့်ကြဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက တောင်းဆိုနေတဲ့ တချိန်တည်းမှာပဲ ၂ ဘက် အပြင်းအထန် တိုက်ပွဲတွေ ဖြစ်ပေါ်လာမယ့် အရေးကို မြို့တော် အဘစ်ဂျန် (Abidjan) က ပြည်သူတွေ စိုးရိမ်တကြီး စောင့်ဆိုင်းနေကြပါတယ်။

လက်ရှိသမ္မတ လောရင့် ဘက်ဂ်ဘိုကို အပြီးသတ် တိုက်ထုတ်နိုင်ဖို့ သူပုန်တပ်ဖွဲ့တွေက ပြင်ဆင်နေတဲ့ တချိန်တည်းမှာပဲ ကြိုးကြား သေနတ်ပစ်သံတွေကို မြို့တော် အဘစ်ဂျန်မှာ ၄ ရက်မြောက်နေ့ အဖြစ်နဲ့ ကြားနေရတဲ့အကြောင်း မျက်မြင်သက်သေတွေက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

နိုင်ငံတကာက အသိအမှတ် ပြုထားတဲ့ သမ္မတ အလက်ဆန်း ၀ါတာရာ (Alassane Ouattara) အပေါ် သစ္စာခံတဲ့ တပ်ဖွဲ့တွေ ကြာသပတေးနေ့မှာ တိုင်းပြည်အနှံ့ အလျှင်အမြန် ထိုးစစ်ဆင်ပြီးတဲ့နောက် မြို့တော်ကို ရောက်လာကြတာပါ။

လက်ရှိသမ္မတ ဘက်ဂ်ဘို အနေနဲ့ အာဏာကို လွှဲပြောင်းပေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က တနင်္ဂနွေနေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲအနိုင်ရ သမ္မတ ၀ါတာရာအပေါ် သစ္စာခံတဲ့ တပ်ဖွဲ့တွေ အနေနဲ့လည်း စစ်ပွဲအတွင်း လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေကို လေးစားလိုက်နာပြီး အရပ်သားတွေကို တိုက်ခိုက်တာတွေ မလုပ်ဖို့လည်း နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က တိုက်တွန်းထားပါတယ်။

ဒီအတောအတွင်း တိုင်းပြည် အနောက်ပိုင်းမှာ အင်္ဂါနေ့က အရပ်သား သေဆုံးမှုတွေ များလာနေတဲ့အတွက် ၂ ဘက်စလုံးက ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်ကြဖို့ လူ့အခွင့်အရေး အဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။

အရပ်သား သေဆုံးသူ အရေအတွက်ဟာ ၈၀၀ အထိ ရှိခဲ့တဲ့အကြောင်း နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ပြောသလိုပဲ ကက်သလစ် လူမှုကူညီရေး အဖွဲ့ကတော့ သေဆုံးသူ အရေအတွက်ဟာ ၁,၀၀၀ အထိ ရှိတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG