သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘက်ဂ်ဘို အာဏာစွန့်လွှတ်ချိန်နီး


A Lion Air plane is seen in the water after it missed the runway in Denpasar, Bali in this picture provided by the Indonesian police, Apr. 13, 2013.
A Lion Air plane is seen in the water after it missed the runway in Denpasar, Bali in this picture provided by the Indonesian police, Apr. 13, 2013.

ဒီကနေ့ အင်္ဂါနေ့မှာ အိုင်ဗရီကို့စ်က ရာထူးက နှုတ်ထွက်ပေးဖို့ ငြင်းဆန်နေတဲ့ သမ္မတဟောင်း လောရင့် ဘက်ဂ်ဘို (Laurent Gbagbo) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဖိလစ် မန်ဂူး (General Philippe Mangou) က ရွေးကောက်ပွဲ အနိုင်ရ သမ္မတအဖြစ် နိုင်ငံတကာက အသိအမှတ် ပြုထားတဲ့ အလက်ဆန်း ဝါတာရာ (Alassane Ouattara) ရဲ့ တပ်ဖွဲ့တွေကို အပစ်အခတ် ရပ်စဲကြဖို့ တောင်းဆိုလိုက်ပြီး မစ္စတာ ဘက်ဂ်ဘိုကတော့ သူ့နေအိမ်က ကတုတ်ကျင်း ဘန်ကာထဲမှာ ပုန်းအောင်းနေပါတယ်။

ဒီကနေ့ ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်နဲ့ ပြင်သစ်တပ်ဖွဲ့တွေရဲ့ ရဟတ်ယာဉ်တွေက သမ္မတနန်းတော်၊ မစ္စတာ ဘက်ဂ်ဘိုရဲ့ စစ်စခန်းနှစ်ခုနဲ့ နေအိမ်တွေကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြပြီးတဲ့နောက် ဗိုလ်ချုပ်ကြီး ဖိလစ် မန်ဂူးက အပစ်အခတ် ရပ်စဲကြဖို့ တောင်းဆိုလိုက်တာပါ။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး အေလိန်း ယပ်ပီ (Alain Juppie) က မစ္စတာ ဘက်ဂ်ဘိုဟာ လက်နက်ချဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေပြီး အာဏာကို စွန့်လွှတ်လုဆဲဆဲ ဖြစ်နေပြီ ဆိုတာကို သူသိရှိကြောင်း ဒီကနေ့ ပြင်သစ်လွှတ်တော်မှာ ပြောလိုက်ပြီးတော့ ပြင်သစ် ကာကွယ်ရေးဝန်ကြီး ဂျရတ်ဒ် လောင်းဂု (Gerad Longuet) ကလည်း နာရီပိုင်းအတွင်းမှာ အိုင်ဗရီကို့စ် နိုင်ငံရေး အကျပ်အတည်းဟာ အလုံးစုံ ဖြေရှင်းပြီးသား ဖြစ်သွားတော့မယ်လို့ ပြောဆိုခဲ့ပါတယ်။

အရင်က နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ စီးပွားရေး ပညာရှင်တဦး ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရ သမ္မတအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ အလက်ဆန်း ဝါတာရာရဲ့ တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ သီတင်းပတ်က အိုင်ဗရီကို့စ်ရဲ့ မြောက်ပိုင်းနဲ့ အနောက်ပိုင်းကနေ အဓိက ထိုးစစ်ကြီး ဆင်ခဲ့ပြီး စီးပွားရေးမြို့တော် အဘစ်ဂျန် (Abidjan) ထိ ချီတက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတဟောင်း လောရင့် ဘက်ဂ်ဘိုက အာဏာကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ရင် သူဟာ သိက္ခာရှိရှိ လုံလုံခြုံခြုံနဲ့ ရာထူးက နှုတ်ထွက်ပေးခြင်းမျိုး ဖြစ်စေရမယ်လို့ အနောက်အာဖရိက နိုင်ငံများရဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (ECOWAS) အဖွဲ့က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

XS
SM
MD
LG