သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုင်ဗရီကို့စ် သမ္မတဟောင်းကို အိုင်စီစီမှာ ရုံးတင် စွဲဆို

အိုင်ဗရီကို့စ် သမ္မတဟောင်းကို အိုင်စီစီမှာ ရုံးတင် စွဲဆို
အိုင်ဗရီကို့စ် သမ္မတဟောင်းကို အိုင်စီစီမှာ ရုံးတင် စွဲဆို

အိုင်ဗရီကို့စ် သမ္မတဟောင်း Laurent Gbagbo အပေါ် ပြီးခဲ့တဲ့နှစ် သမ္မတ ရွေးကောက်ပွဲတွေအတွင်း ဖြစ်ပွားခဲ့တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ အကြမ်းဖက်မှုတွေ အတွက် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က စွဲဆိုချက် ၄ ခုနဲ့ စွဲတင်လိုက်ပါတယ်။

လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်မှုတွေသာမက၊ ကွပ်မျက်မှုတွေနဲ့ လူမဆန်တဲ့ လုပ်ရပ်တွေအတွက် သွယ်ဝိုက်တဲ့နည်းနဲ့ တာဝန်ရှိတယ်ဆိုပြီး သာဟေ့ဂ်မြို့က တရားခွင်က စွပ်စွဲထားတာပါ။

သမ္မတဟောင်းရဲ့ တပ်ဖွဲ့တွေက သူတို့ကို ဆန့်ကျင်သူတွေလို့ ယူဆသူတွေကို ပစ်မှတ်ထားပြီး မြို့တော် Abdijan နဲ့ နိုင်ငံ အနောက်ပိုင်း ဒေသတွေမှာ တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ယုံကြည်စရာ အကြောင်းရင်းတွေ ရှိနေတဲ့အကြောင်းလည်း တရားရုံးက ပြောပါတယ်။

လက်ရှိသမ္မတ Alassane Ouattara ကို ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ရာထူးက ဆင်းပေးဖို့ သမ္မတဟောင်း Gbagbo ငြင်းဆန်ရာက သွေးထွက်သံယို ပဋိပက္ခတွေ ပေါ်ပေါက်လာခဲ့ရတာပါ။ ICC က တရားလို ရှေ့နေ အကြီးအကဲဖြစ်တဲ့ Luis Moreno-Ocampo ကတော့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်
လုပ်ဆောင်နေဆဲ ဖြစ်ပြီး၊ သမ္မတဟောင်းဟာလည်း အိုင်ဗရီကို့စ် နိုင်ငံက ရာဇဝတ်မှုတွေ အတွက် ပထမဆုံး တရားဥပဒေ ရှေ့မှောက် အရေးယူမယ့်သူ တဦးဖြစ်တယ်လို့ ပြောပါတယ်။

တိုင်းပြည်ခေါင်းဆောင်တွေ အနေနဲ့ အာဏာကို ဆက်လက် ဆုပ်ကိုင်နိုင်ရေး အကြမ်းဖက်တဲ့ လုပ်ရပ်တွေကို နည်းလမ်းတခုအဖြစ် သုံးလို့မရနိုင်တော့ဘူး ဆိုတာကိုလည်း ICC က တရားလို ရှေ့နေအကြီးအကဲက သတိပေးသွားပါတယ်။

This item is part of
XS
SM
MD
LG