သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုင်ဗရီကို့စ် ရွေးကောက်ပွဲရလဒ် အငြင်းပွားနေဆဲ

အိုင်ဗရီကို့စ် ရွေးကောက်ပွဲရလဒ် အငြင်းပွားနေဆဲ
အိုင်ဗရီကို့စ် ရွေးကောက်ပွဲရလဒ် အငြင်းပွားနေဆဲ

အိုင်ဗရီကို့စ်နိုင်ငံ သမ္မတ ရွေးကောက်ပွဲ အပြီးမှာ ပြိုင်ကြတဲ့ သမ္မတလောင်း ၂ ယောက်လုံးက အနိုင်ရရှိတယ်လို့ ပြောနေကြပြီး သူတို့ထဲက တယောက် ဖြစ်တဲ့ အလက်ဆန်း ဝါတရာ (Alassane Ouattara) ကို ထောက်ခံသူတွေက အစိုးရကို ဖွဲ့စည်းနေကြပါတယ်။

အဘိုင်ဂျန် (Abidjan) မြို့မှာ တနင်္ဂနွေနေ့က လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ လက်ရှိဝန်ကြီးချုပ် ဂွီလောင်းမ် ဆိုရို (Guillaume Soro) ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဝန်ကြီး ၁၃ ယောက် စာရင်းကို ကြေညာခဲ့တာပါ။ ယခင် သူပုန်ခေါင်းဆောင် မစ္စတာ ဆိုရိုက ဝန်ကြီးချုပ် အဖြစ်ရော၊ ကာကွယ်ရေးဝန်ကြီး အဖြစ်ပါ တာဝန်ယူမယ်လို့ သူက ပြောပါတယ်။

အခြား သမ္မတလောင်းဖြစ်တဲ့ လောရင့် ဘဂ်ဘို (Laurent Gbagbo) ရဲ့ အဖွဲ့ဆီက တုံ့ပြန်ချက်ကိုတော့ အခုထိ မရရှိသေးပါဘူး။ သူကလည်း စနေနေ့က သူ့ကိုယ်သူ သမ္မတအဖြစ် ကြေညာခဲ့ပါတယ်။

အခုလို နိုင်ငံရေး အကျပ်အတည်း ဖြစ်နေတာ ပြီးဆုံးသွားနိုင်ဖို့အတွက် တောင်အာဖရိက ယခင် သမ္မတ သာဘို အမ်(မ်)ဘီကီ (Thabo Mbeki) က အိုင်ဗရီကို့စ်မှာ ရောက်ရှိနေပြီး ကြားဝင်ပေးနေပါတယ်။

တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ဒုတိယအကျော့ သမ္မတ ရွေးကောက်ပွဲ ၂ ယောက်ချင်း ပြိုင်ကြရမှာ မစ္စတာ ဝါတရာကို အနိုင်ရရှိသူအဖြစ် အမေရိကန်၊ ပြင်သစ်၊ အာဖရိကသမဂ္ဂ၊ ဥရောပသမဂ္ဂနဲ့ ကုလသမဂ္ဂ အားလုံးက ပြောခဲ့ကြပါတယ်။ ရလဒ်ကို လက်ခံဖို့ မစ္စတာ ဘဂ်ဘိုကို သူတို့က ပြောထားကြပါတယ်။

This item is part of
XS
SM
MD
LG