သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်အာဖရိက သမ္မတဟောင်း အမ်(မ်)ဘီကီ အိုင်ဗရီကို့စ်အရေး ကြားဝင်စေ့စပ်

တောင်အာဖရိက သမ္မတဟောင်း အမ်(မ်)ဘီကီ အိုင်ဗရီကို့စ်အရေး ကြားဝင်စေ့စပ်
တောင်အာဖရိက သမ္မတဟောင်း အမ်(မ်)ဘီကီ အိုင်ဗရီကို့စ်အရေး ကြားဝင်စေ့စပ်

အိုင်ဗရီကို့စ် နိုင်ငံမှာ တဖြည်းဖြည်း ကြီးမားလာနေတဲ့ နိုင်ငံရေး ပြဿနာတွေကို ကြားဝင်ပြီး ဖြေရှင်းပေးဖို့အတွက် အရင် တောင်အာဖရိက သမ္မတဟောင်း သာဘို အမ်(မ်)ဘီကီ (Thabo Mbeki) ဟာ အိုင်ဗရီကို့စ်နိုင်ငံကို ဒီနေ့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ် အိုင်ဗရီကို့စ် သမ္မတ ရွေးကောက်ပွဲမှာ ပါဝင် အရွေးခံခဲ့သူ ၂ ဦးစလုံးက သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပြီး နောက်တနေ့မှာပဲ မစ္စတာ အမ်(မ်)ဘီကီဟာ အိုင်ဗရီကို့စ်မြို့တော် အဘိုင်ဂျန်ကို ရောက်လာတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က သမ္မတ လော့ရင့်စ် ဘဂ်ဘို (Laurent Gbagbo) ကို မဲစုစုပေါင်း ၅၁% နဲ့ အနိုင်ရခဲ့တယ်လို့ ကြေညာခဲ့တဲ့နောက်မှာ သူက သမ္မတအဖြစ်နဲ့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ ကော်မရှင်ဟာ အစောပိုင်းမှာ အတိုက်အခံခေါင်းဆောင် အလက်ဆန်း ဝါတရာ (Alasssane Ouattara) ကို အနိုင်ရသူအဖြစ်နဲ့ ကြေညာခဲ့ပါတယ်။

ကုလသမဂ္ဂ၊ ပြင်သစ်၊ အမေရိကန်၊ EU ဥရောပသမဂ္ဂနဲ့ AU အာဖရိက သမဂ္ဂတို့က မစ္စတာ ဝါတရာ သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ဖို့နဲ့ ဒါကို မစ္စတာ ဘဂ်ဘိုက လက်ခံဖို့အတွက် တောင်းဆိုနေပါတယ်။

AU အာဖရိက သမဂ္ဂက စေလွှတ်ခဲ့တဲ့ မစ္စတာ အမ်(မ်)ဘီကီဟာ မစ္စတာ ဝါတရာနဲ့ရော မစ္စတာ ဘဂ်ဘိုနဲ့ပါ တနင်္ဂနွေနေ့မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

This item is part of
XS
SM
MD
LG