သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် အတိုက်အခံ ခေါင်းဆောင် ကြိုးပေးစီရင်


ကြိုးပေးကွပ်မျက်ခံလိုက်ရတဲ့ အတိုက်အခံခေါင်းဆောင်ရဲ့ ရုပ်အလောင်း သယ်ဆောင်လာတယ်လို့ ယူဆရတဲ့ အရေးပေါ်လူနာတင်ယာဉ်ကား ထောင်တွင်းမှ ထွက်လာစဉ်။ (ဒီဇင်ဘာ ၁၂၊ ၂၀၁၃)။
ကြိုးပေးကွပ်မျက်ခံလိုက်ရတဲ့ အတိုက်အခံခေါင်းဆောင်ရဲ့ ရုပ်အလောင်း သယ်ဆောင်လာတယ်လို့ ယူဆရတဲ့ အရေးပေါ်လူနာတင်ယာဉ်ကား ထောင်တွင်းမှ ထွက်လာစဉ်။ (ဒီဇင်ဘာ ၁၂၊ ၂၀၁၃)။
စစ်ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ထားတဲ့ ဘင်္ဂလားဒေ့ရှ် အတိုက်အခံခေါင်းဆောင် တယောက်ကို သူ့ရဲ့ နောက်ဆုံးအချိန် အသနားခံစာကို တရားရုံးချုပ်က ပယ်ချခဲ့ပြီး နာရီပိုင်းအကြာမှာပဲ ကြာသပတေးနေ့က ကွပ်မျက်လိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ် ဒေသစံတော်ချိန် ၁၀ နာရီ ၁ စက္ကန့်မှာ Abdul Qader Mollah ကို ကြိုးပေးကွပ်မျက်လိုက်တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် အရာရှိတွေက အတည်ပြုပါတယ်။

ခုလို ကွပ်မျက်မှုနဲ့ ပတ်သက်လို့ တင်းမာမှုတွေ ရှိနေတာကြောင့် မြို့တော်မှာ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတဲ့အကြောင်း ဒါကာမှာရှိတဲ့ ဗွီအိုအေ သတင်းထောက်က ပြောပါတယ်။ မစ္စတာ မိုလာ ရဲ့ Jamaat-e-Islami ပါတီက တနင်္ဂနွေနေ့မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြပွဲတွေ လုပ်သွားဖို့ တောင်းဆိုထားကြောင်း အေပီသတင်းကလည်း ဖော်ပြပါတယ်။

၁၉၇၀ ခုနှစ် ပါကစ္စတန်လက်အောက်ကနေ လွတ်လပ်ရေး ရယူခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်စစ်ပွဲ ကာလတွေအတွင်း မစ္စတာ မူလန်အနေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး အမိန့်ချမှတ်ထားတာပါ။

သူ့ကို အခုလို ကွပ်မျက်လိုက်တဲ့ အတွက် ရှေ့လထဲ ရွေးကောက်ပွဲတွေ မတိုင်ခင် နိုင်ငံရေး အကြမ်းဖက်မှုတွေ ထပ်မံ ဖြစ်ပွားလာမှာကို ဝေဖန်သူတွေက စိုးရိမ်နေကြပါတယ်။
XS
SM
MD
LG