အမေရိကန် ဓာတ်ပုံသတင်းထောက်တယောက်ကို Islamic State စစ်သွေးကြွတွေ သတ်ဖြတ်နေတဲ့ ဗွီဒီယိုဟာ အစစ်အမှန် ဟုတ် မဟုတ် အတည်ပြုနိုင်ဖို့ ကြိုးစားနေတယ်လို့ အိုဘားမားအစိုးရက ပြောပါတယ်။
အီရတ်မှာ အမေရိကန်က ဝင်ရောက် စွက်ဖက်နေတာကို ရပ်အောင်လုပ်တာလို့ဆိုပြီး သတင်းထောက် James Wright Foley ကို ခေါင်းဖြတ်သတ်နေတဲ့ ဗွီဒီယိုကို စစ်သွေးကြွတွေကနေ အင်္ဂါနေ့က ထုတ်ပြန်ခဲ့ပါတယ်။
တကယ်လို့သာ ဒီဟာ စစ်မှန်တယ်ဆိုရင် အပြစ်မဲ့ အမေရိကန် သတင်းထောက်ကို ရက်စက်စွာ သတ်ဖြတ်မှုအတွက် အင်မတန် မယုံနိုင်အောင် ဖြစ်ရတယ်လို့ အိမ်ဖြုတော် အမျိုးသား လုံခြုံရေးကောင်စီ ပြောခွင့်ရသူ Caitlin Hayden က ပြောကြားခဲ့ပါတယ်။
အမေရိကန် ထောက်လှမ်းရေးဌာနတွေက ဒီဗွီဒီယို စစ်မှန် မမှန် သိရအောင် အမြန်ဆုံး ဆောင်ရွက်နေပြီလို့လည်း သူက ပြောပါတယ်။