သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌသစ် ခန့်ထားရေး နီးစပ်လာ


စီးပွားရေးပညာရှင် Janet Yellen
စီးပွားရေးပညာရှင် Janet Yellen
စီးပွားရေးပညာရှင် Janet Yellen ဟာ သြဇာကြီးလှတဲ့ အမေရိကန် ဗဟိုဘဏ်ကို ဦးဆောင်တဲ့ ပထမဆုံး အမျိုးသမီးတဦး ဖြစ်လာဖို့ အတွက် နောက်တဆင့် ခြေလှမ်းတရပ် လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ လက်ရှိ ဗဟိုဘဏ် ဥက္ကဋ္ဌ Ben Bernanke လာမယ့် ဇန်နဝါရီလကုန် အလုပ်ကနေ အနားယူတဲ့အခါ Janet Yellen ကို ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ တာဝန်ပေးဖို့ အဆိုပြုချက်ကို ကြာသပတေးနေ့ အထက်လွှတ်တော်ကြားနာပွဲ အတွင်း အတည်ပြုလိုက်တာပါ။

အထက်လွှတ်တော် ဘဏ်လုပ်ငန်းရေးရာကော်မတီ မှာ ဒီမိုကရက် လွှတ်တော်အမတ် ၁၁ ယောက်နဲ့ ရီပါပလစ်ကန် ၃ ယောက် တို့က သူ့ကို ထောက်ခံမှု ပေးခဲ့ကြသလို၊ ၁၄ မဲ ၈ မဲနဲ့ ခုလို ကြားနာပွဲမှာ အတည်ပြုခဲ့ကြတာပါ။

ဒါကြောင့် အခုအခါ သမ္မတ ဘရက်အိုဘားမား အဆိုပြုခဲ့တဲ့ အသက် ၆၇ နှစ်အရွယ် Janet Yellen ကို အထက်လွှတ်တော် အမတ် ၁၀၀ လုံးက ထောက်ခံသင့်မသင့် စည်းစားကြမှာဖြစ်ပြီး လာမယ့် သီတင်းပတ်တွေ အတွင်း သူ့ကို အားလုံးက အတည်ပြု ထောက်ခံပေးကြလိမ့်မယ်လို့ သုံးသပ်သူတွေက မျှော်လင့်ထားပါတယ်။

၁၉၃၀ ပြည်လွန်နှစ်တွေက အမေရိကန်စီးပွားရေး အကြီးအကျယ် အကျပ်ရိုက်ခဲ့ချိန်ကတည်းကစလို့ ကျဆင်းလာခဲ့တဲ့ တိုင်းပြည်ရဲ့ စီးပွားရေး တဖြည်းဖြည်း ပြန်လည် နာလန် ထူလာနေတာ ဖြစ်သလို၊ အမေရိကန် စီးပွားရေးကို ဗဟိုဘဏ်က တိုက်ရိုက်ထောက်ပံ့မှု ဆက်ပေးနေတဲ့အပေါ်မှာ သူက ထောက်ခံတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ် အထက်လွှတ်တော်ကြားနာပွဲမှာ မစ္စ ရဲလန်ကပြောသွားခဲ့ပါတယ်။
XS
SM
MD
LG