သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ ဆက်ဆံရေး ထိခိုက်ဖို့မရှိကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ပြောဆို


Treasury Secretary Janet Yellen speaks during a press conference at the U.S. Embassy in Beijing, China, July 9, 2023.
Treasury Secretary Janet Yellen speaks during a press conference at the U.S. Embassy in Beijing, China, July 9, 2023.

အမေရိကန် နဲ့ တရုတ်နိုင်ငံကြားက ဆွေးနွေးမှုတွေဟာ အပြုသဘောဆောင်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ဒီနေ့ ပြောလိုက်ပါတယ်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Yellen ဟာ တရုတ်တာဝန်ရှိသူတွေနဲ့ ၄ ရက်ကြာ ဆွေးနွေးမှုတွေ လုပ်ပြီးတဲ့နောက် ၂ နိုင်ငံကြား ဆက်ဆံရေးဟာ ထိခိုက်လာနိုင်ချေမရှိဘူးလို့ ပြောလိုက်ပါတယ်။

အမေရိကန် နဲ့ တရုတ်နိုင်ငံကြားမှာ ကြီးမားတဲ့ သဘောမတူညီမှုတွေရှိကြောင်း၊ ဒါပေမဲ့ ဒီကမ္ဘာကြီးမှာ ၂ နိုင်ငံလုံး အတူတကွ ရှင်သန်ဖွံ့ဖြိုးတိုးတက်သွားနိုင်လိမ့်မယ်လို့ သမ္မတဘိုင်ဒန်နဲ့ သူ ယုံကြည်ကြောင်း ဝန်ကြီး Yellen က ပြောပါတယ်။

ဝန်ကြီး Yellen ဟာ တရုတ်နိုင်ငံခရီးစဉ်အတွင်း ၊ တရုတ်တာဝန်ရှိသူတွေနဲ့ ၁၀ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ အဲဒီထဲက ၅ နာရီကတော့ တရုတ်ဒု-ဝန်ကြီးချုပ် He-Lifeng နဲ့ စနေနေ့က ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကတော့ အဲဒီဆွေးနွေးမှုတွေဟာ ပွင့်ပွင့်လင်းလင်း၊ အပြုသဘောဆောင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ရှိတယ်လို့ ပြောလိုက်ပြီး တရုတ်အစိုးရပိုင် မီဒီယာဘက်ကတော့ ကျယ်ကျယ်ပြန့်ပြန့်၊ ပွင့်ပွင့်လင်းလင်း နဲ့ လက်တွေ့ကျတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဝန်ကြီး Yellen ကတော့ သမ္မတဘိုင်ဒန်အစိုးရရဲ့ နည်းပညာတင်ပို့မှုအပေါ် ကန့်သတ်တာကို ကာကွယ်ပြောဆိုလိုက်ပြီး တရုတ်အစိုးရဘက်ကတော့ ဒါကို သဘောမတူပါဘူး။ ဒါပေမဲ့လည်း ၂ နိုင်ငံကြား ဒီသဘောမတူညီမှုတွေက အရေးပါတဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေကို ရှာဖွေတဲ့နေရာမှာ အဟန့်အတားမဖြစ်သင့်ဘူးလို့ ပြောလိုက်ပါတယ်။

XS
SM
MD
LG