သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား အပေါ် ဒဏ်ခတ်မှု တချို့ ဂျပန်လျှော့ပေါ့မည်


မြောက်ကိုရီးယားအရေး ဆွေးနွေးခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe (ဇူလိုင် ၃၊ ၂၀၁၄)။
မြောက်ကိုရီးယားအရေး ဆွေးနွေးခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe (ဇူလိုင် ၃၊ ၂၀၁၄)။

ဂျပန်နိုင်ငံသားတွေကို မြောက်ကိုရီးယားက ပြန်ပေးဆွဲခဲ့တာနဲ့ ပါတ်သက်ပြီး ၂နိုင်ငံ ဆွေးနွေးပွဲတွေ ဆက်ကျင်းပနေချိန်မှာပဲ မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှု တချို့ကို ဖြေလျော့ပေးမယ်လို့ ဂျပန်ဘက်က ပြောကြားလိုက်ပါတယ်။

ဒါဟာ ပြန်ပေးဆွဲ ဖမ်းဆီးတာခံနေရတဲ့ ပြဿနာအတွက် ကောင်းမွန်ပြည့်စုံတဲ့ အဖြေရှာနိုင်ဖို့ စလုပ်တာဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် Shinzo Abe က ကြာသပတေးနေ့မှာ ပြောကြားလိုက်တာပါ။ ဒါပေမယ့် ဒဏ်ခတ်မှုတွေထဲက ဘယ်အချက်ကို ဖြေလျော့ပေးမယ် ဆိုတာနဲ့ ဘယ်အချိန်မှာ လုပ်ဆောင်မယ် ဆိုတဲ့ အသေးစိတ်အချက်လက်တွေကိုတော့ မပြောပါဘူး။

"ချမှတ်ထားတဲ့ ဆုပေးဒဏ်ပေးမူအရ ဂျပန်ဘက်က ချမှတ်ထားတဲ့ ကန့်သတ်ချက်တချို့ကို ရုတ်သိမ်းပေးမှာ ဖြစ်သလို၊ ဒါဟာ အစပဲ ရှိပါသေးတယ်လို့ ပြောသွားတာပါ။ "

ဂျပန်နဲ့ မြောက်ကိုရီးယား ၂နိုင်ငံဆက်ဆံရေးမှာ ကာလကြာရှည်စွာ အဓိကအဟန့်အတား ဖြစ်နေတဲ့ ပြန်ပေးဆွဲဖမ်းဆီး ခေါ်ဆောင်မှု တွေနဲ့ ပါတ်သက်ပြီး တရုတ်နိုင်ငံ ဘေဂျင်းက မြောက်ကိုရီးယား သံရုံးမှာ ၂ နိုင်ငံ ညှိနှိုင်းရေးမှုးတွေ ဒီသီတင်းပါတ်ထဲမှာ ဆွေးနွေးနေကြတာပါ။

ဂျပန်ယဉ်ကျေးမှုကို သူတို့စုံထောက်တွေကို သင်ပေးဖို့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ အတွင်း ဂျပန်နိုင်ငံသား ၁၃ ဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့တယ်လို့ မြောက်ကိုရီးယားက ၂၀၀၂ ခုနှစ်ထဲမှာ ဝန်ခံခဲ့ပါတယ်။ ဒီအထဲက ၅ ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး ကျန်အားလုံး သေဆုံးသွားပြီးလို့ ပြောကြားခဲ့ပေမယ့် အဖမ်းခံနေရသူ တဒါဇင်လောက် အနည်းဆုံး ရှိနေမယ်လို့ အများက သံသယရှိနေကြပါတယ်။

XS
SM
MD
LG