သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန် ရေကြီး မြေပြိုဖြစ်ရပ်ကြောင့် သေဆုံးသူ ၈၀ ထက်မနည်းရှိပြီ


ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ သုံးရက်ဆက်တိုက် အပြင်းအထန်မိုးရွာပြီး မြေပြိုကျတာတွေကြောင့် လူ ၈၀ ထက်မနည်း သေဆုံးရပြီးတဲ့နောက် ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးလုပ်သားတွေ တနင်္ဂနွေနှောင်းပိုင်းက ဆက်ပြီးရှာနေကြပါတယ်။

ဂျပန်နိုင်ငံ အနောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ အပြင်းအထန် မိုးရွာထားတာနဲ့အမျှ လူ ၅၀ ကျော် ပျောက်ဆုံးနေတာပါ။

“သမိုင်းဝင်” စံချိန်တင် မိုးရေချိန် ရွာချပြီးတဲ့နောက် မြစ်ရေတွေတက်လာပြီး မြေပြိုကျတာတွေလည်းရှိတဲ့အတွက် မိုးလေဝသဌာန က ရှားရှားပါးပါး “အရေးပေါ် သတိပေးချက်တွေ” ထုတ်ပြန်ထားပါတယ်။

ဝန်ကြီးချုပ် Shinzo Abe က “ကယ်ဆယ်ရေး လုပ်ငန်းတွေကို အချိန်လုပြီး လုပ်နေရပါတယ်၊ ကယ်ဆယ်ရေးအဖွဲ့တွေ အစွမ်းကုန် လုပ်ဆောင်နေကြပါတယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။

Kochi အရပ်မှာ သုံးနာရီအတွင်း မိုးရေချိန် ၁၀ လက်မကျော် ရွာချလိုက်တာကြောင့် အဲဒါဟာ မိုးရေချိန်ကို စပြီးမှတ်တမ်းတင်တဲ့ ၁၉၇၆ ခုနှစ်ကတည်းကဆိုရင် အမြင့်ဆုံးဖြစ်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

လူပေါင်း ၁.၃ သန်းကျော်ကို သူတို့နေအိမ်တွေကနေ စွန့်ခွာဖို့အတွက် ညွှန်ကြားချက်ထုတ်ထားပါတယ်။ နောက်ထပ် လူပေါင်း ၃.၁ သန်းကိုလည်း နေအိမ်တွေကနေ စွန့်ခွာရနိုင်ခြေရှိတယ်လို့ သတိပေးထားပြီး အထူးနှိုးဆော်ထားပါတယ်။

မီးသတ်၊ ရဲနဲ့ စစ်ဘက် တပ်ဖွဲ့ဝင်ပေါင်း ၄၈၀၀၀ ဟာ မြေပြိုကျတဲ့အခြေအနေ ဒါဇင်ပေါင်းများစွာနဲ့ တခြား အရေးပေါ်အခြေအနေ တွေကို တုန့်ပြန်လုပ်ဆောင်နေကြတယ်လို့ အစိုးရအဖွဲ့အတွင်းဝန်ချုပ် Yoshihide Suga ကပြောပါတယ်။ နောက်ထပ် တပ်ဖွဲ့ဝင် ၂၁၀၀၀ ကို အသင့်ပြင်ထားတယ်လို့ ကာကွယ်ရေးဝန်ကြီး Itsunori Onodera ကပြောပါတယ်။

ဂျပန် ရေကြီး မြေပြိုဖြစ်ရပ်ကြောင့် သေဆုံးသူ ၈၀ ထက်မနည်းရှိပြီ
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG