သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းငြိမ်းချမ်းရေး ဂျပန်နိုင်ငံ ယန်းငွေ သန်း ၂ သောင်း ကူမည်


မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mikio Numata (ဝဲ)၊ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ အထူးကိုယ်စားလှယ်လည်း ဖြစ်တဲ့ Yohei Sasakawa (လယ်) တို့ ၂၀၁၃ နှစ်ဆန်းပိုင်းက ပင်းတယရှိ အခြေခံပညာမူလတန်းကျောင်း လွဲှပြောင်းပေးအပ်ပွဲမှာ ဖဲကြိုးဖြတ်စဉ်။
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mikio Numata (ဝဲ)၊ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ အထူးကိုယ်စားလှယ်လည်း ဖြစ်တဲ့ Yohei Sasakawa (လယ်) တို့ ၂၀၁၃ နှစ်ဆန်းပိုင်းက ပင်းတယရှိ အခြေခံပညာမူလတန်းကျောင်း လွဲှပြောင်းပေးအပ်ပွဲမှာ ဖဲကြိုးဖြတ်စဉ်။
မြန်မာနိုင်ငံမှာ လက်ရှိလုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ထောက်ခံအားပေးတဲ့အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အတွက် အမေရိကန်ဒေါ်လာ သန်း (၁၀၀) ကူညီမယ်လို့ တရားဝင် ကြေညာလိုက်ပါတယ်။ ရန်ကုန်မြို့ Chatrium ဟိုတယ်မှာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက အဲဒီလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ လတ်တလော ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အရ တိုင်းရင်းသားဒေသတွေမှာ တည်ငြိမ်မှုရရှိနေတာကို အခွင့်ကောင်းယူပြီး ဂျပန်ယန်း ဆယ်ဘီလီယံ အမေရိကန်ဒေါ်လာအားဖြင့် သန်း ၁၀၀ လောက်ကို အကူအညီပေးသွားမှာဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mikio Numata က ချက်ထရီယမ်ဟိုတယ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း ပြောကြားလိုက်တာပါ။

“ဂျပန်အစိုးရဟာ အခုရရှိတဲ့ အရှိန်အဟုန်ကို အခွင့်ကောင်းအဖြစ် ယူဆပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံးရရှိပြီး တိုင်းရင်းသားလူမျိုးစုတွေဟာ ငြိမ်းချမ်းရေး အသီးအပွင့်ကို ခံစားနိုင်သော်လည်း ပဋိပက္ခများကိုခံစားနေတဲ့ တိုင်းရင်းသား လူမျိုးစုတွေနေထိုင်တဲ့ ဒေသမှာ လူနေမှုဘ၀ မြှင့်တင်ဖို့ ကိစ္စအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ထွန်းမှုပေါ် မူတည်ပြီးတော့ နောက် ၅ နှစ်အတွင်း ဂျပန်ယန်း ဆယ်ဘီလီယံ - အမေရိကန်ဒေါ်လာအားဖြင့် သန်း ၁၀၀ လောက်ကို ထောက်ပံ့ ကူညီဖို့ ဂျပန်အစိုးရက ဆုံးဖြတ်ခဲ့တယ်” လို့ ပြောသွားတာပါ။

ပဋိပက္ခဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ စတင်ဆောင်ရွက်နေပြီဖြစ်တဲ့ ဒီအကူအညီတွေကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေ လုံခြုံစိတ်ချမှု ရရှိရေးအတွက် မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ဖို့ တရားဝင် သဘောတူညီမှု ရရှိထားပြီး လက်ရှိ လုပ်ဆောင်နေတဲ့ အဲန်ဂျီအို အဖွဲ့အစည်းတွေအနေနဲ့လည်း ဂျပန်နိုင်ငံရဲ့ စံချိန် စံညွန်းတွေနဲ့အညီ လုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့် ကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေအတွက် အကူအညီပေးတယ် ဆိုပေမယ့်လည်း အခု ဂျပန်အစိုးရက ပေးမယ့်အကူအညီအများစုဟာ ပဋိပက္ခဒဏ် ခံစားနေရကြတဲ့ တိုင်းရင်းသားဒေသတွေကို အဓိကထား ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

“ဂျပန်အစိုးရဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍပေါင်းစုံကနေ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေကို တွန်းအားပေးနိုင်ဖို့အတွက် အခုလက်ရှိ တိုင်းရင်းသားလူမျိုးစုတွေ နေထိုင်တဲ့ ဒေသအပါအဝင် တပြည်လုံးရှိ ပြည်သူများ အတွက် လူနေမှုဘ၀ မြင့်တင်ဖို့အတွက် စွမ်းဆောင်ရည် မြင့်တင်ရေး၊ စီးပွားရေး အခြေခံ အဆောက်အဦး တည်ဆောက်ရေး အစရှိတဲ့ အကူအညီတွေကို ကျယ်ကျယ်ပြန့်ပြန့်ဖန်တီးပေးဖို့ ရှိပါတယ်”-လို့ ပြောသွားတာပါ။

ဂျပန်အစိုးရကအခုပေးတဲ့ အကူအညီတွေကို တာဝန်ခံ ဆောင်ရွက်ပေးနေတဲ့ ဆာဆာကာဝါ ငြိမ်းချမ်းရေးဖောင်ဒေးရှင်းက အကြီးအကဲလည်းဖြစ်၊ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ အထူးကိုယ်စားလှယ်လည်း ဖြစ်တဲ့ Yohei Sasakawa ကိုယ်တိုင် တိုင်းရင်းသား ဒေသတွေက ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံခဲ့တာပါ။

“ကျနော်တွေ့ဆုံခဲ့တဲ့ ပဋိပက္ခများခံစားနေရတဲ့ တိုင်းရင်းသား လူမျိုးစုတွေထဲမှာ အိုးအိမ်စွန့်ခွာထွက်ပြေးပြီး ဒုက္ခရောက်နေကြသူတွေကို တွေ့ရှိခဲ့ပါတယ်တဲ့။ ဒုက္ခသည်တွေကလည်း ဆေးဝါးနဲ့ အစားအစာ လောက်လုံစွာ မရရှိတဲ့အကြောင်း ညည်းငြူကြတယ်” လို့ ပြောသွားတာပါ။

အစကနဦးမှာတော့ ဒုက္ခသည်တွေအတွက် အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ပဲ၊ ဆေးဝါး စတာတွေကို ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ Yohei Sasakawa က ပြောပါတယ်။

ပဋိပက္ခတွေကြောင့် ထွက်ပြေးနေကြရတဲ့ တိုင်းရင်းသား လူမျိုးစုတွေအတွက် ရေတို၊ ရေရှည်စီမံကိန်းချပြီး ကူညီပေးသွားမယ့်အထဲ အနောက်ပိုင်းမှာ အိုးအိမ်တွေပါ တည်ဆောက်ပေးသွားတာ၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာတွေ သင်ကြားပေးတာ စတဲ့ အစီအစဉ်တွေလည်း ပါတယ်လို့ သိရပါတယ်။

ဂျပန်အစိုးရအပြင် ဆာဆာကာဝါ ငြိမ်းချမ်းရေး ဖောင်ဒေးရှင်းဟာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ မစတင်ခင်ကတည်းက တောက်လျှောက် အကူအညီပေးနေခဲ့တာ ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ်တက်လာပြီးတဲ့နောက်မှာ ပြုပြင်ပြောင်းလဲမှုတွေ စတင် လုပ်ဆောင်လာပြီးတဲ့နောက်မှာ အကူအညီတွေကို အရှိန်မြင့် တိုးပေးလာနေလည်း ဖြစ်ပါတယ်။
XS
SM
MD
LG