သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားကို ဂျပန် သံအမတ် ပြန်ပို့


ဂျပန်သံအမတ်ကို တောင်ကိုရီးယားနိုင်ငံ ကို ပြန်ပို့ဆောင်လိုက်ပါတယ်။
ဂျပန်သံအမတ်ကို တောင်ကိုရီးယားနိုင်ငံ ကို ပြန်ပို့ဆောင်လိုက်ပါတယ်။
နယ်မြေပိုင်နက် အငြင်းပွားမှုတွေ ကြီးထွားလာရာက ပြန်လည်ခေါ်ယူထားတဲ့ သံအမတ်ကြီးကို သီတင်းတပတ်ကျော် ကြာလာတဲ့ အချိန်မှာတော့ ဂျပန်နိုင်ငံက တောင်ကိုရီးယားကို ပြည်လည် စေလွှတ်လိုက်ပါတယ်။ ဂျပန်နိုင်ငံက Takeshima လို့ခေါ်ပြီး တောင်ကိုရီးယားက Dokdo လို့ခေါ်တဲ့ ကျွန်းစုကို ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကိစ္စကို ဖြေရှင်းနိုင်ဖို့အတွက် သံအမတ်ကြီး Masatoshi Muto ကို ပြန်လည်စေလွှတ်မှာ ဖြစ်တဲ့အကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba က ဒီကနေ့ပဲ ပြောလိုက်တာပါ။

စွမ်းအင်သိုက်တွေ ရှိမယ်လို့ ယူဆနေကြတဲ့ မဟာဗျူဟာမြောက် ကျွန်းပေါ်ကို တောင်ကိုရီးယား သမ္မတ Lee Myung-Bak သွားရောက်လည်ပတ်ခဲ့တဲ့အပေါ် ကန့်ကွက်တဲ့ အနေနဲ့ ဂျပန်နိုင်ငံက သံအမတ်ကြီးကို ပြီးခဲ့တဲ့ တပတ်ထဲမှာပဲ ပြန်လည်ဆင့်ခေါ်ထားတာ ဖြစ်ပါတယ်။ ဆယ်စုနှစ်နဲ့ချီပြီး အငြင်းပွားနေတဲ့ ကိစ္စကို နိုင်ငံတကာ တရားရုံးမှာ တင်ပြဆုံးဖြတ်ဖို့ ဂျပန်နိုင်ငံက ကမ်းလှမ်းခဲ့တာကိုတော့ တောင်ကိုရီးယား နိုင်ငံက မနေ့တုန်းကပဲ ပယ်ချခဲ့တာပါ။ သဘောထား ကွဲလွဲမှုတွေကြောင့် ရှေ့လထဲ ကျင်းပမယ့် အာရှ-ပစိဖိတ်စီးပွားရေး နှီးနှောဖလှယ်ပွဲမှာ တွေ့ဆုံဖို့ ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် Yoshihiko Noda နဲ့ တောင်ကိုရီးယား သမ္မတ Lee Myuang-Bak တို့ကြား ဆက်ဆံရေးမှာ ထိခိုက်စရာတွေလည်း ဖြစ်နေရပါတယ်။
XS
SM
MD
LG