သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ကာကွယ်ရေးအသုံးစားရိတ် ဒေါ်လာ ၅၄ ဘီလီယံအထိတိုး


ဂျပန်မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ (JGDDF) ရဲ့ Type 90 အမျိုးအစား တင့်ကားများကို စစ်ရေးလေ့ကျင့်မှုတခုအတွင်း တွေ့ရစဉ် (ဒီဇင်ဘာ ၇၊ ၂၀၂၁)
ဂျပန်မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ (JGDDF) ရဲ့ Type 90 အမျိုးအစား တင့်ကားများကို စစ်ရေးလေ့ကျင့်မှုတခုအတွင်း တွေ့ရစဉ် (ဒီဇင်ဘာ ၇၊ ၂၀၂၁)

ဂျပန်နိုင်ငံမှာ ၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဒေါ်လာ ၅၄ ဘီလျံကျော်နဲ့ညီမျှတဲ့ ဂျပန်ယန်း ၇.၇ ထရီလျံသုံးစွဲမယ့် ကာကွယ်ရေးအသုံးစရိတ်ကို အတည်ပြုလိုက်ပါတယ်။ ကာကွယ်ရေးအတွက် ယန်း ၁ ထရီလျံကျော် တိုးမြှင့်သုံးစွဲဖို့ ဒုတိယဆက်တိုက်နှစ်အဖြစ် အတည်ပြုခဲ့တာဖြစ်ပါတယ်။

ဒေသတွင်းမှာ တရုတ်နိုင်ငံက လွှမ်းမိုးခြယ်လှယ်နိုင်အောင်လုပ်တဲ့လုပ်ရပ်တွေ များလာတာနဲ့ မြောက်ကိုရီးယားရဲ့ ကြိုတင်ခန့်မှန်းလို့မရတဲ့ လုပ်ရပ်တွေကြောင့် ဂျပန်နိုင်ငံက သူ့ရဲ့ကာကွယ်ရေးစွမ်းအင်ကို တိုးမြှင့်နိုင်အောင် ကြိုးစားနေတာဖြစ်ပါတယ်။ ဧပြီလမှာစတင်မယ့် ၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်သစ်ထဲမှာ ယန်း ဘီလျံ ၂၀၀ ကျော်ဖိုး ဆိုင်ဘာလုံခြုံရေးတိုးမြှင့်ဖို့နဲ့ ပဲ့ထိန်းတပ်ဒုံးရန်ကာကွယ်နိုင်မယ့် စနစ်ပါတဲ့ စစ်သင်္ဘောတွေ စတင်တည်ဆောက်ဖို့သုံးစွဲဖို့ပါဝင်တယ်လို့ ဂျပန်ကာကွယ်ရေးဌာနက ပြောပါတယ်။ အဲဒီလိုစစ်သင်္ဘောတစင်းကို ယန်း ၄၀၀ ဘီလျံ လောက် ကုန်ကျနိုင်တယ်လို့ခန့်မှန်းထားပါတယ်။

ရှေ့လာမယ့်နှစ်အတွင်း ယန်း ၉ ထရီလျံကျော်ဖိုး စစ်ရေးဆိုင်ရာ စာချုပ်တွေ ချုပ်ဆိုဖို့လည်း အစီအစဉ်ရှိတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဂျပန်ကာကွယ်ရေးအသုံးစရိတ်ကို အခုလို နှစ်စဉ်တိုးနေတာကြောင့် ၅ နှစ်အတွင်း ဂျပန်ယန်း ၄၃ ထရီလျံလောက် တိုးမြှင့်သွားမယ်လို့ မျှော်လင့်ရပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG