သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ဘောလုံးအသင်း (၄) ကြိမ်မြောက် အာရှဖလားဗိုလ်စွဲ

ဂျပန်ဘောလုံးအသင်း (၄) ကြိမ်မြောက် အာရှဖလားဗိုလ်စွဲ
ဂျပန်ဘောလုံးအသင်း (၄) ကြိမ်မြောက် အာရှဖလားဗိုလ်စွဲ

အာရှဖလားဘောလုံး နောက်ဆုံးဗိုလ်လုပွဲမှာ ဂျပန်အသင်းက သြစတြေးလျအသင်းကို အချိန်ပိုကစားပြီး အနိုင်ရရှိသွားပါတယ်။ ကာတာနိုင်ငံ၊ ဒိုဟာမြို့၊ ခါလီဖာအားကစားရုံမှာ ကျင်းပတဲ့ အာရှဖလားဘောလုံး နောက်ဆုံးဗိုလ်လုပွဲမှာ ဂျပန် Blue Samurai အသင်းနဲ့ သြစတြေးလျအသင်းတို့ အချိန်ပိုကစားကြစဉ် ဂျပန်အသင်းရဲ့ တိုက်စစ်မှူး တန်ဒါနာရိ လီ က အနိုင်ဂိုး သွင်းပေးခဲ့တာဖြစ်ပါတယ်။

သြစတြေးလျအသင်းရဲ့ လူစားဝင်ကစားသူဟာ ပြစ်ဒဏ်ဘော ဧရိယာကို ဂရုတစိုက် မကြည့်ခဲ့တာကြောင့် ဂျပန်အသင်းက အခွင့်သာခဲ့တာပါ။

ဂျပန်အသင်းဟာ ၁၉၉၂၊ ၂၀၀၀ ပြည့်နှစ်နဲ့ ၂၀၀၄ ခုနှစ်တွေတုန်းကလည်း အာရှဖလား ချန်ပီယံအဖြစ် အောင်ပွဲခံခဲ့ပါတယ်။ (၄) ကြိမ်မြောက် အာရှဖလားချန်ပီယံ ဂျပန်အသင်းအနေနဲ့ ၂၀၁၃ ခုနှစ် ဘရာဇီးလ်နိုင်ငံမှာ ကျင်းပမယ့် ဘောလုံးအဖွဲ့ချုပ်များ ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိပါတယ်။ အဲဒီ ဘရာဇီးလ်ပွဲစဉ်တွေဟာ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပွဲအတွက် ခြေစမ်းပွဲတွေဖြစ်ပါတယ်။




This item is part of
XS
SM
MD
LG