သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ပန္-ၾသစေၾတးလ် လုံၿခဳံေရးသေဘာတူညီခ်က္ လက္မွတ္ထိုး


ဂ်ပန္ဝန္ႀကီးခ်ဳပ္ Fumio Kishida နဲ႔ ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ Anthony Albanese တို႔ Perth ၿမိဳ႕မွာ လက္မွတ္ေရးထိုးလိုက္ၾက (Stefan Gosatti/Pool Photo via AP)

တ႐ုတ္ႏိုင္ငံရဲ႕ ၾသဇာအရွိန္အဝါ ႀကီးထြားလာမႈေတြေၾကာင့္ လုံၿခဳံေရးအေျခအေန ဆိုး႐ြားလာေနတာကို တန္ျပန္ လုပ္ေဆာင္ႏိုင္ေရး ရည္႐ြယ္ၿပီး ဂ်ပန္နဲ႔ ၾသစေၾတးလ်အစိုးရအၾကား စစ္ေရး၊ ေထာက္လွမ္းေရးနဲ႔ ဆိုင္ဘာလုံၿခံဳေရးဆိုင္ရာ သေဘာတူညီခ်က္တရပ္ကို မေန႔ ေအာက္တိုဘာလ ၂၂ ရက္ေန႔က လက္မွတ္ ေရးထိုးလိုက္ၾကပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ ၿခိမ္းေခ်ာက္မႈေတြ အခုေလာက္ မႀကီးထြားခင္ ၂၀၀၇ ခုႏွစ္မွာ ဂ်ပန္နဲ႔ ၾသစေၾတးလ်အစိုးရတို႔ သေဘာတူ လက္မွတ္ထိုးတားတဲ့ “လုံၿခဳံေရးပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာ ပူးတြဲ ေၾကညာခ်က္” ကို ထပ္မံ လက္မွတ္ေရးထိုးလိုက္တာ ျဖစ္ပါတယ္။ ဒီသေဘာတူညီခ်က္ကိုေတာ့ ၾသစေၾတးလ်ႏိုင္ငံကို ေရာက္ေနတဲ့ ဂ်ပန္ဝန္ႀကီးခ်ဳပ္ Fumio Kishida နဲ႔ ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ Anthony Albanese တို႔ Perth ၿမိဳ႕မွာ လက္မွတ္ေရးထိုးလိုက္ၾကတာပါ။

ဒါဟာ ဂ်ပန္ႏိုင္ငံအေနနဲ႔ အလားတူ သေဘာတူညီခ်က္မ်ိဳး အေမရိကန္ျပည္ေထာင္စုကလြဲလို႔ တျခားႏိုင္ငံတခုနဲ႔ ပထမဆုံးအႀကိမ္ သေဘာတူ လက္မွတ္ေရးထိုးတာလည္း ျဖစ္ပါတယ္။

ဒီသေဘာတူညီခ်က္အရ ဂ်ပန္စစ္တပ္အေနနဲ႔ ၾသစေၾတးလ်ေျမာက္ပိုင္းမွာ ပထမဆုံးအႀကိမ္အျဖစ္ စစ္သင္တန္း လာတက္မွာ ျဖစ္ပါတယ္။ ဒီသေဘာတူညီခ်က္က ဂ်ပန္နဲ႔ ၾသစေၾတးလ်အၾကားက မဟာမိတ္အျဖစ္တည္ရွိမႈ ခိုင္မာေၾကာင္း ေဒသတြင္းႏိုင္ငံေတြကို အသိေပးလိုက္တာလည္း ျဖစ္တယ္လို႔ ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ Albanese က သတင္းေထာက္ေတြကို ေျပာပါတယ္။

ဒီသေဘာတူညီခ်က္ထဲမွာ စစ္တပ္အခ်င္းခ်င္း ပူးေပါင္းေဆာင္႐ြက္တာ၊ ေထာက္လွမ္းေရးလုပ္ငန္းေတြ၊ ဆိုက္ဘာလုံၿခဳံေရး၊ အာကာသနဲ႔သက္ဆိုင္တဲ့ လုပ္ငန္းေတြ၊ ရဲတပ္ဖြဲ႕လုပ္ငန္း၊ ေထာက္ပံ့ ပို႔ေဆာင္ေရးနဲ႔ တယ္လီကြန္ ဆက္သြယ္ေရးလုပ္ငန္းေတြကို အကာကြယ္ေပးေရးတို႔ ပါဝင္တယ္လို႔ ဆိုပါတယ္။

==== Unicode =====

တရုတ်နိုင်ငံရဲ့ သြဇာအရှိန်အဝါ ကြီးထွားလာမှုတွေကြောင့် လုံခြုံရေးအခြေအနေ ဆိုးရွားလာနေတာကို တန်ပြန် လုပ်ဆောင်နိုင်ရေး ရည်ရွယ်ပြီး ဂျပန်နဲ့ သြစတြေးလျအစိုးရအကြား စစ်ရေး၊ ထောက်လှမ်းရေးနဲ့ ဆိုင်ဘာလုံခြုံရေးဆိုင်ရာ သဘောတူညီချက်တရပ်ကို မနေ့ အောက်တိုဘာလ ၂၂ ရက်နေ့က လက်မှတ် ရေးထိုးလိုက်ကြပါတယ်။

တရုတ်နိုင်ငံရဲ့ ခြိမ်းချောက်မှုတွေ အခုလောက် မကြီးထွားခင် ၂၀၀၇ ခုနှစ်မှာ ဂျပန်နဲ့ သြစတြေးလျအစိုးရတို့ သဘောတူ လက်မှတ်ထိုးတားတဲ့ “လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲ ကြေညာချက်” ကို ထပ်မံ လက်မှတ်ရေးထိုးလိုက်တာ ဖြစ်ပါတယ်။ ဒီသဘောတူညီချက်ကိုတော့ သြစတြေးလျနိုင်ငံကို ရောက်နေတဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ သြစတြေးလျဝန်ကြီးချုပ် Anthony Albanese တို့ Perth မြို့မှာ လက်မှတ်ရေးထိုးလိုက်ကြတာပါ။

ဒါဟာ ဂျပန်နိုင်ငံအနေနဲ့ အလားတူ သဘောတူညီချက်မျိုး အမေရိကန်ပြည်ထောင်စုကလွဲလို့ တခြားနိုင်ငံတခုနဲ့ ပထမဆုံးအကြိမ် သဘောတူ လက်မှတ်ရေးထိုးတာလည်း ဖြစ်ပါတယ်။

ဒီသဘောတူညီချက်အရ ဂျပန်စစ်တပ်အနေနဲ့ သြစတြေးလျမြောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် စစ်သင်တန်း လာတက်မှာ ဖြစ်ပါတယ်။ ဒီသဘောတူညီချက်က ဂျပန်နဲ့ သြစတြေးလျအကြားက မဟာမိတ်အဖြစ်တည်ရှိမှု ခိုင်မာကြောင်း ဒေသတွင်းနိုင်ငံတွေကို အသိပေးလိုက်တာလည်း ဖြစ်တယ်လို့ သြစတြေးလျဝန်ကြီးချုပ် Albanese က သတင်းထောက်တွေကို ပြောပါတယ်။

ဒီသဘောတူညီချက်ထဲမှာ စစ်တပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တာ၊ ထောက်လှမ်းရေးလုပ်ငန်းတွေ၊ ဆိုက်ဘာလုံခြုံရေး၊ အာကာသနဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေ၊ ရဲတပ်ဖွဲ့လုပ်ငန်း၊ ထောက်ပံ့ ပို့ဆောင်ရေးနဲ့ တယ်လီကွန် ဆက်သွယ်ရေးလုပ်ငန်းတွေကို အကာကွယ်ပေးရေးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG