သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်အမဲသား ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည်သင့်


ဂျပန်အမဲသား ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည်သင့်
ဂျပန်အမဲသား ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည်သင့်

ဂျပန်နိုင်ငံက အမဲသားတွေမှာ ရေဒီယို ဓာတ်သတ္တိကြွမှုတွေ ရှိနေလို့ ဂျပန်နိုင်ငံတဝန်းမှာ အမဲသား မစားရဲဘဲ ဖြစ်နေကြပါတယ်။

နွား ၁၃၂ ကောင်က ထွက်တဲ့ အမဲသားတွေမှာ ရေဒီယို သတ္တိကြွမှုတွေ အလွန်အမင်း မြင့်မားနေပြီး အဲဒီအမဲသားတွေကိုလည်း နိုင်ငံတဝန်းကို ဖြန့်ထားပြီး ဖြစ်နေတယ်လို့ ဂျပန် သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

မကြာခင်တုန်းက နျူကလီးယား ဓာတ်ပေါင်းဖို ထိခိုက်ပျက်စီးမှုကြောင့် ရေဒီယို သတ္တိကြွမှုတွေ ရှိခဲ့တဲ့ ဖူကူရှီးမားခရိုင်က ထွက်တဲ့ အမဲသားတွေ မှန်သမျှ ဘယ်ကိုမှ မပို့ဘဲ အကုန်တားဆီး ပိတ်ပင်ဖို့ ဂျပန်အစိုးရက အင်္ဂါနေ့ကျရင် စီစဉ်မယ့်သဘော မျှော်လင့်ရပါတယ်။

အခုလောလောဆယ်မှာတော့ အမဲသားတွေစားလို့ ကျန်းမာရေး ထိခိုက်တာမျိုးတွေ ရှိမနေဘူးလို့ ဂျပန်အစိုးရက ပြောပါတယ်။

XS
SM
MD
LG