သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ပန္ အေပ်ာ္စီးသေဘၤာေမွာက္မႈ အနည္းဆုံး ၁၀ ဦးေသ


အေပ်ာ္စီးသေဘၤာ Kazu 1 နစ္ျမဳပ္သြားတဲ့ ေနရာအနီး ကူညီရွာေဖြေပးေနတဲ့ ဂ်ပန္ငါးဖမ္းသေဘၤာအခ်ဳိ႕။ (ဧၿပီ ၂၄၊ ၂၀၂၂)

(Zawgyi / Unicode)

ဂ်ပန္ႏိုင္ငံေျမာက္ပိုင္း ကမ္းလြန္ပင္လယ္ျပင္အတြင္း ခရီးသည္ ၂၆ ေယာက္နဲ႔အတူ တိမ္းေမွာက္သြားတဲ့ အေပ်ာ္စီးသေဘၤာေပၚက ခရီးသည္ ၁၀ ေယာာက္ ေသဆုံးသြားတယ္ဆိုတာ အတည္ျပဳႏိုင္ေၾကာင္း ဂ်ပန္ ကမ္းေျခေစာင့္တပ္ဖြဲ႔က ဒီကေန႔ ေျပာပါတယ္။

အဲဒီသေဘၤာဟာ ဂ်ပန္ႏိုင္ငံေျမာက္ပိုင္း ဟိုကိုင္းဒိုး ပင္မကၽြန္းစုႀကီးရဲ႕ ကမ္းလြန္ ေရခဲတမွ်ေအးေနတဲ့ ပင္လယ္ျပင္အတြင္း စေနေန႔က ေပ်ာက္ဆုံးသြားခဲ့တာလို႔ ဆိုပါတယ္။

ေသဆုံးသြားသူ ၁၀ ေယာက္ထဲက ၇ ေယာက္က အမ်ဳိးသားေတြျဖစ္ၿပီး က်န္ ၃ ေယာက္ကေတာ့ အမ်ဳိးသမီးေတြ ျဖစ္တယ္လို႔ ဆိုပါတယ္။ အဲဒီသေဘၤာေပၚမွာ ခရီးသည္ ၂၄ ေယာက္နဲ႔ သေဘၤာဝန္ထမ္း ၂ ဦးတို႔ လိုက္ပါသြားတာမွာ ကေလးငယ္ ၂ ဦးလည္း ပါဝင္တယ္လို႔ ဆိုပါတယ္။

အဲဒီသေဘၤာေပ်ာက္သြားတဲ့ေနရာက ေရထဲမွာ မတ္လကုန္ပိုင္းအထိ ေရခဲေတြ ေမ်ာပါေနတာကို ေတြ႔ၾကရေလ့ရွိၿပီး အဲဒီေရရဲ႕ လက္ရွိအပူခ်ိန္ဟာ ၂-၃ ဒီဂရီ ဆဲလ္စီးယပ္ေလာက္ရွိတယ္လို႔ ေဒသတြင္း ငါးလုပ္ငန္းဆိုင္ရာ အရာရွိေတြက ေျပာပါတယ္။ ေရထဲကိုက်သြားၿပီး မိနစ္အနည္းငယ္အတြင္းမွာပဲ လူကို အႏၲရာယ္ျပဳေစေလာက္တဲ့အထိ ေအးေနတယ္လို႔ ဆိုပါတယ္။

ရွားပါးတဲ့ ေရသတၱဝါေတြ ေတြ႔ရႏိုင္ၿပီး ထူးျခားတဲ့ ကမ္းေျခအလွေတြရွိတဲ့ Shiretoko ကၽြန္းစုအနီးက အဲဒီ Kazu 1 အေပ်ာ္စီးသေဘၤာ နစ္ျမဳပ္သြားတဲ့ေနရာမွာ ဂ်ပန္အာဏာပိုင္ေတြက သေဘၤာ ၇ စီးနဲ႔ ေလယာဥ္ ၃ စီး အပါအဝင္ ေမာ္ေတာ္ဘုတ္ေတြ၊ ရဟတ္ယာဥ္ေတြနဲ႔ ခရီးသည္ေတြကို ရွာေဖြခဲ့တယ္လို႔ ဆိုပါတယ္။

ဘာေၾကာင့္ ဒီသေဘၤာ နစ္ျမဳပ္သြားတယ္ဆိုတာ မသိရေသးဘူးလို႔ ဂ်ပန္ ကမ္းေျခေစာင့္တပ္ဖြဲ႔က ေျပာပါတယ္။

-------------------------------

(Unicode)

ဂျပန် အပျော်စီးသင်္ဘောမှောက်မှု အနည်းဆုံး ၁၀ ဦးသေ

ဂျပန်နိုင်ငံမြောက်ပိုင်း ကမ်းလွန်ပင်လယ်ပြင်အတွင်း ခရီးသည် ၂၆ ယောက်နဲ့အတူ တိမ်းမှောက်သွားတဲ့ အပျော်စီးသင်္ဘောပေါ်က ခရီးသည် ၁၀ ယောာက် သေဆုံးသွားတယ်ဆိုတာ အတည်ပြုနိုင်ကြောင်း ဂျပန် ကမ်းခြေစောင့်တပ်ဖွဲ့က ဒီကနေ့ ပြောပါတယ်။

အဲဒီသင်္ဘောဟာ ဂျပန်နိုင်ငံမြောက်ပိုင်း ဟိုကိုင်းဒိုး ပင်မကျွန်းစုကြီးရဲ့ ကမ်းလွန် ရေခဲတမျှအေးနေတဲ့ ပင်လယ်ပြင်အတွင်း စနေနေ့က ပျောက်ဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသွားသူ ၁၀ ယောက်ထဲက ၇ ယောက်က အမျိုးသားတွေဖြစ်ပြီး ကျန် ၃ ယောက်ကတော့ အမျိုးသမီးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီသင်္ဘောပေါ်မှာ ခရီးသည် ၂၄ ယောက်နဲ့ သင်္ဘောဝန်ထမ်း ၂ ဦးတို့ လိုက်ပါသွားတာမှာ ကလေးငယ် ၂ ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီသင်္ဘောပျောက်သွားတဲ့နေရာက ရေထဲမှာ မတ်လကုန်ပိုင်းအထိ ရေခဲတွေ မျောပါနေတာကို တွေ့ကြရလေ့ရှိပြီး အဲဒီရေရဲ့ လက်ရှိအပူချိန်ဟာ ၂-၃ ဒီဂရီ ဆဲလ်စီးယပ်လောက်ရှိတယ်လို့ ဒေသတွင်း ငါးလုပ်ငန်းဆိုင်ရာ အရာရှိတွေက ပြောပါတယ်။ ရေထဲကိုကျသွားပြီး မိနစ်အနည်းငယ်အတွင်းမှာပဲ လူကို အန္တရာယ်ပြုစေလောက်တဲ့အထိ အေးနေတယ်လို့ ဆိုပါတယ်။

ရှားပါးတဲ့ ရေသတ္တဝါတွေ တွေ့ရနိုင်ပြီး ထူးခြားတဲ့ ကမ်းခြေအလှတွေရှိတဲ့ Shiretoko ကျွန်းစုအနီးက အဲဒီ Kazu 1 အပျော်စီးသင်္ဘော နစ်မြုပ်သွားတဲ့နေရာမှာ ဂျပန်အာဏာပိုင်တွေက သင်္ဘော ၇ စီးနဲ့ လေယာဉ် ၃ စီး အပါအဝင် မော်တော်ဘုတ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ခရီးသည်တွေကို ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။

ဘာကြောင့် ဒီသင်္ဘော နစ်မြုပ်သွားတယ်ဆိုတာ မသိရသေးဘူးလို့ ဂျပန် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

XS
SM
MD
LG