သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ဝန်ကြီးချုပ်ကတော် ခင်ပွန်းသည်ကို ဝေဖန်


ဂျပန်ဝန်ကြီးချုပ်အနေနဲ့ နိုင်ငံကိုအုပ်ချုပ်နိုင်စွမ်းရှိမရှို လူသိရှင်ကြားမေးခွန်းထုတ်ထားတဲ့ စာအုပ်တအုပ်ကို ဝန်ကြီးချုပ်ကတော်က ရေးသားခဲ့ပါတယ်။

ဒီသီတင်းပတ်မှာ စတင်ဖြန့်ချိလိုက်တဲ့စာအုပ်ထဲမှာ ဝန်ကြီးချုပ်ကတော် Nobuko Kan က သူ့ခင်ပွန်းသည်ဟာ ဝန်ကြီးချုပ် ဖြစ်သင့် ဖြစ်ထိုက်သလားဆိုပြီး မေးခွန်းထုတ်ထားတာပါ။ သူ့ခင်ပွန်းသည်အကြောင်း သူသေချာသိတာကြောင့် ဒီမေးခွန်းကိုမေးရတာဖြစ်တယ်လို့ သူကပြောပါတယ်။

စာအုပ်ထဲမှာ ဝန်ကြီးချုပ်တို့စုံတွဲရဲ့ နှစ်ပေါင်း ၄၀ အိမ်ထောင်သက်တမ်းကို ဘယ်လို ကျော်ဖြတ် ခဲ့သလဲဆိုတာ ရေးထားပြီး အိမ်တွင်းမှုကိစ္စ အသေးအဖွဲလေးတွေကအစ သူ သွေးဆူတဲ့ကိစ္စ အဆုံး ဖော်ပြထားပါတယ်။

သူ့ခင်ပွန်းဟာ စကားပြောရင်တော့ ဖြောင့်ဖြောင့်တန်းတန်းဖြစ်ပေမယ့် ကြိုတင်ရေးသားထားတဲ့ မိန့်ခွန်းတွေကို ကြည့်ပြောရရင်တော့ သိပ်အဆင်မပြေတော့ဘူးလို့လည်း Mrs. Kan ကပြောပါ တယ်။ မကြာခင်ကဘဲ မူဝါဒရေးရာမိန့်ခွန်းတခု သူ့ခင်ပွန်းပြောကြားခဲ့တာ စာမေးပွဲစစ်ရင် အောင်မှတ် တောင်မရဘူးလို့ သူကပြောပါတယ်။

ဒီစာအုပ်ကို အုပ်ရေ ၆၀,၀၀၀ ထပ်ပြီး ပုံနှိပ်ရပါတယ်။ ဝန်ကြီးချုပ်ကတော့ ဒီစာအုပ်ကို သူ မဖတ်ရဲဘူးလို့ ဆိုပါတယ်။

XS
SM
MD
LG