သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ သွားမည်


ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုအီချီရိုဂမ်ဘ (ဝဲ) နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (ယာ) အမေရိကန်နိုင်ငံခြားရေးဌာနတွင် သတင်းထောက်များနှင့် တွေ့ဆုံနေစဉ်။ (ဒီဇင်ဘာလ ၁၉၊ ၂၀၁၁)
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုအီချီရိုဂမ်ဘ (ဝဲ) နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (ယာ) အမေရိကန်နိုင်ငံခြားရေးဌာနတွင် သတင်းထောက်များနှင့် တွေ့ဆုံနေစဉ်။ (ဒီဇင်ဘာလ ၁၉၊ ၂၀၁၁)

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုအီချီရိုဂမ်ဘ (Koichiro Gemba) ဟာ ရှေ့သီတင်းပတ်ထဲမှာ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ကြောင်း တနင်္လာနေ့က ဝါရှင်တန်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ တွေ့ဆုံအပြီး သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ဆောင်မှုတွေကို အမေရိကန်နိုင်ငံနဲ့အတူ နီးနီးကပ်ကပ် အားပေး စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဂမ်ဘ မြန်မာနိုင်ငံကို သွားရောက်မှာကို ဝန်ကြီး ကလင်တန်က ကြိုဆိုလိုက်ပါတယ်။ နိုင်ငံရပ်ခြားနဲ့ တသမတ်တည်း သံတမန်ရေး ဆက်ဆံမှုဟာ မြန်မာအစိုးရသစ်ရဲ့ ရပ်တည်ရေးကို စမ်းသပ်နေတာမျိုး ဖြစ်နေသလို မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ကျော်လွှားနိုင်ဖို့ ကြိုးစားမှုမှာ အရေးပါတယ်လို့လည်း ဝန်ကြီးကလင်တန်က ပြောဆိုပါတယ်။

XS
SM
MD
LG