သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ဝန်ကြီးအဖွဲ့ အပြောင်းအလဲတွေ ပြုလုပ်


Japan အစိုးရဝန်ကြီးအဖွဲ့သစ်
Japan အစိုးရဝန်ကြီးအဖွဲ့သစ်
ဂျပန်နိုင်ငံမှာ မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို အပြောင်းအလဲ လုပ်လိုက်ပါတယ်။ ဒါဟာ ဆိုရင် ပြီးခဲ့တဲ့နှစ်အတွင်း မစ္စတာနို့ဒ ဝန်ကြီးချုပ်တာဝန် စပြီး ယူချိန်ကတည်းကဆိုရင် တတိယအကြိမ်မြောက် အပြောင်းအလဲ ဖြစ်ပါတယ်။
အခုလို အပြောင်းအလဲ လုပ်ခြင်းအားဖြင့် ပြည်တွင်းရေးရော၊ သံတမန်ရေးရာ ကိစ္စတွေမှာပါ အစိုးရအဖွဲ့နဲ့ အာဏာရပါတီတို့ အတူ ရင်ဆိုင် ဖြေရှင်းရာမှာ အထောက်အကူဖြစ်စေလိမ့်မယ်လို့ ဝန်ကြီးချုပ် ယိုရှီဟီကို နို့ဒ က တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။

ဝန်ကြီးချုပ်က အရောင်းခွန်ကို နှစ်ဆ တိုးမြှင့်ဖို့ တောင်းဆိုခဲ့တာကြောင့် သူ့အစိုးရအဖွဲ့အပေါ် လူထုထောက်ခံမှု ကျဆင်းသွားခဲ့ရတာပါ။ ဒါတင်မက ဂျပန်နိုင်ငံဟာ အရှေ့တရုတ်ပင်လယ်ပြင်အတွင်းက ကျွန်းတွေ ပိုင်ဆိုင်မှုကို တရုတ်နိုင်ငံနဲ့ သံတမန်ရေး အငြင်းပွားနေတာလည်း ရှိပါတယ်။

ဝန်ကြီးသစ်တွေခန့်အပ်ပြီး ဝန်ကြီးအဖွဲ့ အတွင်း အပြောင်းအလဲလုပ်ရာမှာ ဘဏ္ဍာရေးဝန်ကြီး၊ အမျိုးသားရေး မူဝါဒဆိုင်ရာ ဝန်ကြီးနဲ့ ပညာရေး ဝန်ကြီးတွေလည်း ပါဝင်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတွေကတော့ မူလရာထူးတွေမှာပဲ တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံဟာ အခု တနှစ်အတွင်းမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပရမှာ ဖြစ်ပေမဲ့ ဝန်ကြီးချုပ် နို့ဒကတော့ မကြာခင်မှာ ရွေးကောက်ပွဲ ကျင်းပတော့မယ် ဆိုတာလောက်သာ ပြောဆိုထားတာ ဖြစ်ပါတယ်။
XS
SM
MD
LG