သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်အစိုးရအဖွဲ့ဝင်အဖြစ် အမျိုးသမီး ၅ ဦး အမည်စာရင်းတင်သွင်း


ဂျပန်နိုင်ငံရဲ့စီးပွားရေး ပြန်ကောင်းလာစေဖို့ လုပ်ဆောင်တဲ့နေရာမှာ အမျိုးသမီးတွေရဲ့ စွမ်းအားကို ပိုပြီး အံဝင်ခွင်ကျဖြစ်အောင် ထည့်သွင်း အသုံးပြုသွားပါ့မယ်လို့ ပြောထားတဲ့ ဝန်ကြီးချုပ် Shinzo Abe က ဂျပန်အစိုးရအဖွဲ့သစ်ထဲမှာ အမျိုးသမီး ၅ ဦးကို အမည်စာရင်း တင်သွင်းလိုက်ပါတယ်။

၂၀၁၁ ခုနှစ်ကတည်းကရှိခဲ့တဲ့ ဘယ်ဂျပန်အစိုးရအဖွဲ့ထက်မဆို အခုအဖွဲ့ဝင် ၁၈ ဦးပါ အစိုးရအဖွဲ့သစ်ထဲမှာ အမျိုးသမီးအရေအတွက် ပိုများပါတယ်။ အမျိုးသမီးဝန်ကြီး နှစ်ဦးပဲပါတဲ့ နောက်ဆုံးအစိုးရအဖွဲ့ထက်လည်း အမျိုးသမီးအရေအတွက် ပိုများပါတယ်။

ဂျပန်မှာ ပိုပြီးဆိုးလာနေတဲ့ အလုပ်သမား လျော့နည်းမှုပြဿနာကို ဖြေရှင်းဖို့ နိုင်ငံရေးနဲ့ စီးပွားရေး ခေါင်းဆောင်မှုနေရာတွေမှာ အမျိုးသမီးအရေအတွက် ၃၀ ရာခိုင်နှုန်း ရှိစေချင်တယ်လို့ ဝန်ကြီးချုပ် Abe က ပြောထားပါတယ်။

ဘဏ္ဍာရေးဝန်ကြီး Taro Aso၊ နိုင်ငံခြားရေးဝန်ကြီး Fumio Kishida အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Yoshihide Suga တို့လို အဓိကနေရာတွေမှာတော့ မစ္စတာ Abe က လူဟောင်းတွေကိုပဲ ဆက်ထားပါတယ်။ မစ္စတာ Abe ကို လူကြိုက်များမှု ၆၀ ရာခိုင်နှုန်း လောက် ရှိခဲ့ရာကနေ ၅၀ ရာခိုင်နှုန်း ပတ်ဝန်းကျင်အထိ ကျဆင်းသွားနေချိန်မှာပဲ အခုလို အစိုးရအဖွဲ့ အပြောင်းအလဲ လုပ်လိုက်တာပါ။

XS
SM
MD
LG