သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရးအာဆီယံ ဘံုသေဘာတူ အခ်က္ငါးခ်က္ အေကာင္အထည္ေဖာ္ဖို႔ ဂ်ပန္နဲ႔ ကေမာၻဒီးယားတိုက္တြန္း


ASEAN and Senior Gen. Min Aung Hlaing (AP)

{{Zawgyi/Unicode}}

ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး အေရွ႕ေတာင္အာရွႏုိင္ငံမ်ားအဖြဲ႔ (ASEAN) မွာ ေခါင္းေဆာင္အားလံုးရဲ႕ သေဘာတူခ်မွတ္ထားတဲ့ အခ်က္ငါးခ်က္ပါ သေဘာတူညီခ်က္ကို အျပည့္အဝ အေကာင္အထည္ေဖာ္ဖို႔ ကေမာၻဒီးယားနဲ႔ ဂ်ပန္ႏုိင္ငံတို႔က ျမန္မာစစ္ေကာင္စီကို တိုက္တြန္းလိုက္ပါတယ္။

ဂ်ပန္္ႏုိင္ငံျခားေရးဝန္ႀကီး Yoshimasa Hayashi နဲ႔ ကေမာၻဒီးယား ဒုတိယဝန္ႀကီးခ်ဳပ္နဲ႔ ႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn တို႔ စက္တင္ဘာလ ၁၈ ရက္၊ ၾကာသပေတးေန႔က တယ္လီဖုန္းဆက္ စကားေျပာခ်ိန္အတြင္း အဲဒီလို တိုက္တြန္းခဲ့တာပါ။

ျမန္မာႏိုင္ငံအေျခအေနနဲ႔ ပတ္သက္ၿပီး ဝန္ႀကီးႏွစ္ဦး အခ်ိန္အေတာ္ၾကာ ေဆြးေႏြးခဲ့ၾကၿပီး လက္ရွိ ျမန္မာ့အက်ပ္အတည္ကိုေျဖရွင္းေရး ၿငိမ္းခ်မ္းတဲ့ ခ်ဥ္းကပ္နည္းတခု ရွာေဖြတာမွာ ျမန္မာႏုိင္ငံကို အေထာက္အကူျပဳဖို႔ အာဆီယံဟာ အေရးပါတဲ့အခန္းက႑တခုမွာ ရွိေနတယ္ဆိုတာ ႏွစ္ဘက္ သေဘာတူညီၾကတယ္လုိ႔ ကေမာၻဒီးယားႏုိင္ငံျခားေရးဌာန ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

၂၀၂၁ ခုႏွစ္၊ ဧၿပီလ ၂၄ က္ေန႔က က်င္းပခဲ့တဲ့ "အာဆီယံေခါင္းေဆာင္ေတြရဲ႕ အစည္းအေဝးမွာ ရခဲ့တဲ့ အခ်က္ငါးခ်က္ပါ သေဘာတူညီခ်က္ကို ေနာက္ထပ္ ေႏွာင့္ေႏွးမႈမရွိဘဲ အျပည့္အဝ အေကာင္အထည္ေဖာ္သင့္တယ္" ဆိုတာဟာ ကေမာၻဒီးယားနဲ႔ ဂ်ပန္ ႏွစ္ႏုိင္္ငံစလံုးရဲ႕အျမင္ျဖစ္တယ္လုိ႔ ကေမာၻဒီးယားႏုိင္ငံျခားေရးဌာန ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


==============

{{Unicode}}

မြန်မာ့အရေးအာဆီယံ ဘုံသဘောတူ အချက်ငါးချက် အကောင်အထည်ဖော်ဖို့ ဂျပန်နဲ့ ကမ္ဘောဒီးယားတိုက်တွန်း

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) မှာ ခေါင်းဆောင်အားလုံးရဲ့ သဘောတူချမှတ်ထားတဲ့ အချက်ငါးချက်ပါ သဘောတူညီချက်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ ကမ္ဘောဒီးယားနဲ့ ဂျပန်နိုင်ငံတို့က မြန်မာစစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi နဲ့ ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn တို့ စက်တင်ဘာလ ၁၈ ရက်၊ ကြာသပတေးနေ့က တယ်လီဖုန်းဆက် စကားပြောချိန်အတွင်း အဲဒီလို တိုက်တွန်းခဲ့တာပါ။

မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်ပြီး ဝန်ကြီးနှစ်ဦး အချိန်အတော်ကြာ ဆွေးနွေးခဲ့ကြပြီး လက်ရှိ မြန်မာ့အကျပ်အတည်ကိုဖြေရှင်းရေး ငြိမ်းချမ်းတဲ့ ချဉ်းကပ်နည်းတခု ရှာဖွေတာမှာ မြန်မာနိုင်ငံကို အထောက်အကူပြုဖို့ အာဆီယံဟာ အရေးပါတဲ့အခန်းကဏ္ဍတခုမှာ ရှိနေတယ်ဆိုတာ နှစ်ဘက် သဘောတူညီကြတယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ က်နေ့က ကျင်းပခဲ့တဲ့ "အာဆီယံခေါင်းဆောင်တွေရဲ့ အစည်း အဝေးမှာ ရခဲ့တဲ့ အချက်ငါးချက်ပါ သဘောတူညီချက်ကို နောက်ထပ် နှောင့်နှေးမှု မရှိဘဲ အပြည့်အဝ အကောင်အထည်ဖော်သင့်တယ်" ဆိုတာဟာ ကမ္ဘောဒီးယားနဲ့ ဂျပန် နှစ်နိုင်ငံစလုံးရဲ့အမြင်ဖြစ်တယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

#ASEAN #MyanmarMilitaryCoup #voaburmese #စစ်အာဏာသိမ်းမှု #အာဆီယံ #ဗွီအိုအေမြန်မာပိုင်း

==============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG