သုံးရလွယ်ကူစေသည့် Link များ

တရုတ်စစ်တပ် လွှမ်းမိုးလာမှု ဂျပန်သတိပေး

Japan Ground Self Defense Forces Col. Kimihito Iwamura, center, leads about 100 soldiers of a Japanese army contingent during a send-off ceremony at the Defense Agency in Tokyo Friday, Jan. 7, 2005. Japan's pro-U.S. government extended a one-year humanita

အာဏာရ တရုတ်ကွန်မြူနစ်ပါတီနဲ့ စစ်တပ်ကြား ဆက်ဆံရေးတွေဟာ တဖြည်းဖြည်း နီးစပ်ရှုပ်ထွေး လာနေရာက တိုင်းပြည်ရဲ့ နိုင်ငံခြားရေးရာ မူဝါဒတွေမှာ စစ်တပ်က သြဇာလွှမ်းမိုး လာနေတယ်လို့ ဂျပန်နိုင်ငံက သတိပေးလိုက်ပါတယ်။ တရုတ်နိုင်ငံက ပြောင်းလဲလာတဲ့ ပုံစံဟာ အန္တရာယ်ရှိတဲ့ အခြေအနေမှာ ရှိနေတယ်လို့လည်း ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးဆိုင်ရာ နှစ်စဉ် ဆန်းစစ်ချက်အဖြစ် ဒီကနေ့ ထုတ်ပြန်ရာမှာ ဖော်ပြခဲ့တာပါ။

လွန်ခဲ့တဲ့ ၂၄ နှစ်အတွင်း တရုတ်နိုင်ငံဟာ ကာကွယ်ရေး အသုံးစားရိတ်ကို အဆပေါင်း ၃၀ အထိ တိုးမြှင့် သုံးစွဲလာတာကိုလည်း ဆန်းစစ်ချက်က အလေးထား ဖော်ပြပါတယ်။ တခြား အရှေ့အာရှ နိုင်ငံတွေ အနေနဲ့ တရုတ်နိုင်ငံ ဦးတည်နေတဲ့ လမ်းကြောင်းအပေါ် သတိထားရလိမ့်မယ်လို့လည်း ဂျပန် ကာကွယ်ရေး ဝန်ကြီး Satoshi Morimoto က ဒီကနေ့ပဲ ပြောခဲ့တာပါ။

နှစ်စဉ် ဆန်းစစ်ချက်ထဲမှာတော့ ဂျပန်နိုင်ငံမှာ အမေရိကန် တပ်တွေ ရှိနေတဲ့အတွက် အခြေအနေကို ဟန့်တားနိုင်မယ့် လုပ်ရပ်အဖြစ်နဲ့ သာမက ဒေသတွင်းမှာ လုံခြုံမှုရှိသလို ခံစားချက်တွေ ဖန်တီးနိုင်တယ် လို့လည်း ဖော်ပြခဲ့ပါတယ်။ ဒေသတွင်းက ခြိမ်းခြောက်မှု နောက်တခု အနေနဲ့ကတော့ မြောက်ကိုရီးယား ရဲ့ နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ ရည်မှန်းချက် ဖြစ်တယ်လို့လည်း ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေး ဆိုင်ရာ နှစ်စဉ် ဆန်းစစ်ချက် ကဖော်ပြခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG