သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်စစ်အင်အား ဂျပန်စိုးရိမ်


တရုတ်စစ်အင်အား ဂျပန်စိုးရိမ်
တရုတ်စစ်အင်အား ဂျပန်စိုးရိမ်

တရုတ်-ဂျပန် နှစ်နိုင်ငံအကြား သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ ရေပြင်မှာ တရုတ် ငါးဖမ်းသင်္ဘောတစင်းနဲ့ ဂျပန်ကင်းလှည့် ရေယာဉ်တွေတို့ တိုက်မိပြီးတဲ့နောက် နှစ်နိုင်ငံကြား ဆက်ပြီး တင်းမာနေတာနဲ့အမျှ တရုတ်တို့ရဲ့စစ်အင်အား ကြီးထွားလာနေ တဲ့အပေါ် ဂျပန်တို့ဘက်က စိုးရိမ်တဲ့အသံ ထွက်လာပါတယ်။

တရုတ်တို့ဟာ ဂျပန်ရေပိုင်နက်ထဲမှာ ပင်လယ်ရေကြောင်းဆိုင်ရာ လှုပ်ရှားမှုတွေကို တိုးပြီးလုပ်လာနေတယ်လို့ နှစ်စဉ်ထုတ်ပြန်တဲ့ ကာကွယ်ရေး မူဝါဒဆိုင်ရာ အစီရင်ခံစာထဲမှာ ဂျပန်တို့က စွပ်စွဲထားပါတယ်။

ကာကွယ်ရေးဆိုင်ရာမူဝါဒတွေ၊ စစ်ရေးလုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး တရုတ်တို့က ပွင့်ပွင့်လင်းလင်းမရှိတာဟာ ဒေသတွင်း အတွက်ရော နိုင်ငံတကာအသိုက်အဝန်းအတွက်ပါ စိုးရိမ်ဖွယ်ရာကိစ္စဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ငါးဖမ်းသင်္ဘောနဲ့ ကင်းလှည့်ရေယာဉ်တွေ တိုက်မိပြီးတဲ့နောက် ဂျပန်ဘက်ကဖမ်းထားတဲ့ တရုတ်ငါးဖမ်းသင်္ဘော မာလိန်မှူးနဲ့ သင်္ဘောသားတွေကို ခြွင်းချက်မရှိပြန်လွှတ်ပေးဖို့ တရုတ်တို့က ထပ်ပြီးတောင်းဆိုလိုက်တဲ့အချိန်မှာပဲ သောကြာနေ့က ဂျပန် ကာကွယ်ရေးအစီရင်ခံစာ ထွက်လာတာပါ။

သင်္ဘောတွေတိုက်မိတဲ့ဖြစ်ရပ်ကို ဆွေးနွေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန် ကျီးချိက တရုတ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ် အူအိချိရို့ နိ၀ ကို သောကြာနေ့မှာ သုံးကြိမ်မြောက် ဆင့်ခေါ်ခဲ့ပြီးတဲ့နောက် တရုတ်တို့ရဲ့တောင်းဆိုချက်ကို ပြောခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG