သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ဖမ်းထားတဲ့ တရုတ်ငါးဖမ်းသင်္ဘော ကပ္ပတိန် ပြန်လွှတ်ပေးဖို့ တောင်းဆို


ဂျပန်ဖမ်းထားတဲ့ တရုတ်ငါးဖမ်းသင်္ဘော ကပ္ပတိန် ပြန်လွှတ်ပေးဖို့ တောင်းဆို

ဂျပန်နိုင်ငံက ဖမ်းထားတဲ့ ငါးဖမ်းသင်္ဘော ကပ္ပတိန်ကို ချက်ချင်း အမြန်ဆုံး ပြန်လွှတ်ဖို့ တရုတ်အစိုးရက တောင်းဆိုနေပါတယ်။ တရုတ်သင်္ဘောသား ၁၄ ဦးကိုတော့ ဂျပန်က အခု ဒီနေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

သင်္ဘောကပ္ပတိန်ဟာ တရားဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်း ခံရတယ်ဆိုပြီး ဂျပန်အနေနဲ့ သူ့ကို ချက်ချင်း အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ပြန်လွတ်လာတဲ့ ငါးဖမ်းသင်္ဘောက သင်္ဘောသားတွေကတော့ လွတ်ပြီးပြီးချင်းပဲ တရုတ်လေကြောင်းလိုင်းနဲ့ သူတို့နေရပ်ကို ပြန်ခေါ်လာပါတယ်။ ငါးဖမ်းသင်္ဘောဟာလည်း တရုတ်နိုင်ငံကို ပြန်လာနေပြီလို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

တရုတ်ရော ဂျပန်ကပါ သူပိုင်ငါပိုင် အငြင်းပွားမှု ဖြစ်နေတဲ့ အရှေ့တရုတ်ပင်လယ်က ကျွန်းစုတခု အနီးမှာ ဂျပန် ကမ်းရိုးတန်းစောင့် မော်တော်နဲ့ တရုတ်ငါးဖမ်းသင်္ဘော ပြီးခဲ့တဲ့ အင်္ဂါနေ့က တိုက်မိပြီးနောက် ဂျပန်အာဏာပိုင်တွေက တရုတ်သင်္ဘောပေါ်မှာ ပါလာတဲ့ သင်္ဘောကပ္ပတိန်နဲ့ သင်္ဘောသား ၁၄ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

ဒီအဖြစ်အပျက်ကြောင့် တရုတ်နဲ့ ဂျပန်အကြားမှာ သံခင်းတမန်ခင်း အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။ အရှေ့တရုတ်ပင်လယ်က အငြင်းပွားနေတဲ့ နေရာက ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး ကိစ္စတွေအပေါ် နှစ်ဘက် ဆွေးနွေးမယ့် အစီအစဉ်ကို တရုတ်က ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

XS
SM
MD
LG