သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကာကွယ်ရေး ဇုံအသစ် ဂျပန်ကန့်ကွက်


တရုတ်နဲ့ဂျပန်နိုင်ငံတို့ကြား ပိုင်ဆိုင်မှုအငြင်းပွားနေရာ ကျွန်းစုများ။
တရုတ်နဲ့ဂျပန်နိုင်ငံတို့ကြား ပိုင်ဆိုင်မှုအငြင်းပွားနေရာ ကျွန်းစုများ။
အရှေ့တရုတ်ပင်လယ်ထဲမှာ လေကြောင်းကာကွယ်ရေးနယ်မြေ မြေပုံကို တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်လို့ ဂျပန်နိုင်ငံက အကြီးအကျယ်ကန့်ကွက်လိုက်ပါတယ်။ အဲဒီနယ်မြေထဲမှာ တရုတ်တို့က သူတို့အပိုင်ပါလို့ပြောနေတဲ့ ဂျပန်ထိန်းချုပ်ခံ ကျွန်းတွေလည်း ပါဝင်ပါတယ်။

ဂျပန်နိုင်ငံရဲ့ အာရှနဲ့ကျွန်းစုများဆိုင်ရာဌာန အကြီးအကဲ ဂျူနိချိ အီဟာ့ရိဟာ တရုတ်ယာယီသံမှူး ဇီချင်းကို ဒီကနေ့ပဲဖုံးခေါ်ပြီး ဒီနယ်မြေ သတ်မှတ်တဲ့ကိစ္စဟာ လုံးဝကို လက်ခံနိုင်စရာ မရှိပါဘူးလို့ ကန့်ကွက်သွားပါတယ်။ ဒီကျွန်းစုတွေနဲ့ ပတ်သတ်ပြီး နှစ်နိုင်ငံကြား တင်းမာမှု မြင့်မားအောင် တရုတ်က လုပ်ဆောင်ပါတယ်ဆိုပြီးလည်း Mr. အီဟာ့ရိ က ဝေဖန်သွားပါတယ်။

စည်းမျဉ်းအသစ်တွေအရ အဲဒီ သတ်မှတ်နယ်မြေထဲကို ဝင်ရောက်လာတဲ့ လေယာဉ်အားလုံးဟာ တရုတ်အာဏာပိုင်တွေကို အကြောင်းကြားရမှာ ဖြစ်ပြီး သူတို့ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မပြောဘူး၊ ဒါမှမဟုတ် တရုတ်အစိုးရရဲ့ အမိန့်ကို မနာခံဘူးဆိုရင် အရေးပေါ် စစ်ရေးအရ ကိုင်တွယ်ဆောင်ရွတ်တာနဲ့ ကြုံရမယ်လို့ website ပေါ်မှာ စနေနေ့က ထုတ်ပြန်ထားတဲ့ ကြေညာချက်မှာ ပြောထားပါတယ်။ ဒီစည်းမျဉ်းက ဒီကနေ့ပဲ စတင် အကြုံးဝင်တော့မယ်လို့ လည်း ဆိုပါတယ်။

အစောပိုင်းတုန်းကတော့ ဂျပန်တို့အဆို လူမပါတဲ့ လေယာဉ်တစီး ဂျပန်နိုင်ငံဘက်ကို ဦးတည်ပျံသန်းလာတာတွေ့တွေ့ချင်း ဂျပန် တိုက်လေယာဉ်တွေကို အရှေ့တရုတ်ပင်လယ်ဘက်ကို လွှတ်လိုက်တာပါ။
XS
SM
MD
LG