သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံ ကမ္ဘာ့ ဒုတိယ စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာ


တရုတ်နိုင်ငံ ကမ္ဘာ့ ဒုတိယ စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာ
တရုတ်နိုင်ငံ ကမ္ဘာ့ ဒုတိယ စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာ

ဂျပန်နိုင်ငံက ထုတ်ပြန်လိုက်တဲ့ ကိန်းဂဏန်းသစ်တွေအရ ကမ္ဘာမှာ ၄၂ နှစ်ကြာ စီးပွားရေးအရ ဒုတိယ အင်အားအကြီးဆုံး နိုင်ငံအဖြစ်နဲ့ ရပ်တည်လာတဲ့ ဂျပန်နိုင်ငံရဲ့ နေရာမှာ တရုတ်နိုင်ငံက အစားထိုး နေရာယူသွားပါပြီ။

၂၀၁၀ ခုနှစ်အတွက် ဂျပန်နိုင်ငံရဲ့ ပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုးက ၅.၅ ထရီလီယံ ရှိတယ်လို့ ဒီနေ့ တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေက ဖော်ပြပါတယ်။ တရုတ်နိုင်ငံရဲ့ ပြီးခဲ့တဲ့နှစ်အတွက် အသားတင် ထုတ်လုပ်မှု တန်ဖိုးကတော့ ၅.၉ ထရီလီယံ ရှိပါတယ်။

၁၉၆၀ ပြည့်လွန်နှစ်တွေ ကတည်းက စလို့ အမေရိကန်ပြီးရင် ဂျပန်ဟာ ကမ္ဘာမှာ ဒုတိယ စီးပွားရေး အတိုးတက်ဆုံးနိုင်ငံ ဖြစ်ခဲ့တာပါ။

အခုထွက်ပေါ်လာတဲ့ ကိန်းဂဏန်းသစ်တွေအရ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ၃ လအတွင်း ဂျပန်စီးပွားရေး ကျုံ့သွားခဲ့ပေမဲ့ စီးပွားရေး ပညာရှင်တွေ ကြိုတင် သုံးသပ်ခဲ့သလောက်တော့ မဆိုးခဲ့ပါဘူး။

တနှစ်လုံးအတွက် ဂျပန်ရဲ့ စီးပွားရေး တိုးနှုန်းကတော့ ၃.၉% ရှိပါတယ်။ ဒါဟာ ၃ နှစ်အတွင်း ပထမဆုံး ဂျပန်နိုင်ငံရဲ့ စီးပွားရေး တိုးတက်လာခဲ့တာလည်း ဖြစ်ပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ ကိန်းဂဏန်းသစ်တွေအရ တရုတ်ရဲ့ စီးပွားရေးက ဂျပန်ထက် ပိုသာနေတယ် ဆိုပေမဲ့ လူတဦးချင်းစီရဲ့ ဝင်ငွေမှာတော့ ဂျပန်က တရုတ်ထက် ၁၀ ဆလောက် ပိုပြီး သာနေပါတယ်။

XS
SM
MD
LG