သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အင်အားချဲ့တဲ့အပေါ် ကန့်သတ်ထားချက် ဂျပန်ဖြေလျှော့ပြီ


ဂျပန်ဝန်ကြီးချုပ် Shinzo Abe ရဲ့ သတင်းစာရှင်းလင်းပွဲ
ဂျပန်ဝန်ကြီးချုပ် Shinzo Abe ရဲ့ သတင်းစာရှင်းလင်းပွဲ

ဒုတိယကမ္ဘာစစ်အပြီးမှာ ချမှတ်ထားတဲ့ ငြိမ်းချမ်းရေးသမား လမ်းစဉ်ကနေ စွန့်ခွာတဲ့ သမိုင်းဝင် လုပ်ရပ်တခုအနေနဲ့ ဂျပန်စစ်တပ်ကို ကန့်သတ်ထားတာတွေ ဖြေလျှော့လိုက်ပါပြီ။ စစ်ပွဲကို လုံးဝ စွန့်လွှတ်ထားပြီး အမေရိကန်ဆွဲပေးထားတဲ့ ဂျပန်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၉ ကို အဓိပ္ပါယ် ပြန်လည် ဖွင့်ဆိုဖို့ အစိုးရအဖွဲ့ကလည်း ကနေ့မှာ တရားဝင် အသိအမှတ်ပြုလိုက်ပါပြီ။

အခု အဓိပ္ပါယ်ဖွင့်ဆိုချက် အသစ်မှာ ဂျပန်စစ်တပ်အနေနဲ့ အစုအဖွဲ့အတွက် ကာကွယ်ခွင့် ရသွားပါပြီ။ အခုလို ပြောင်းလဲလိုက်တဲ့အတွက် ဂျပန်နဲ့ ရင်းနှီးတဲ့နိုင်ငံတွေ အတိုက်ခံရရင် ဂျပန်အနေနဲ့ ကူညီ ကာကွယ်ခွင့် ရှိသွားပါပြီ။ နောက်ပြီး အဲဒီအပြောင်းအလဲကြောင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းတဲ့ လုပ်ငန်းတွေမှာ ပိုမို ပါဝင်နိုင်တော့မှာ ဖြစ်ပါတယ်။

အဲဒီလုပ်ရပ်ကို ဆန့်ကျင်တဲ့ လူထောင်ပေါင်းများစွာဟာ ဝန်ကြီးချုပ် Shinzo Abe ရဲ့ ရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ ဝန်ကြီးချုပ် Shinzo Abe ကတော့ ဒီလုပ်ရပ်ဟာ ကိုယ်ဘာသာကို ကာကွယ်တဲ့ လုပ်ရပ်ဖြစ်ပြီး၊ အခုလို ပိုပြီး ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားတဲ့အတွက် ဂျပန်နဲ့ စစ်တိုက်ချင်တဲ့ သူတွေကို တားဆီးပြီးသား ဖြစ်မယ်လို့ ပြောသွားပါတယ်။

XS
SM
MD
LG