သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွားကျွန်းတွေ ပိုင်ဆိုင်ကြောင်း ဂျပန်ကျောင်းတွေမှာသင်မည်


တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေကလည်း ပိုင်ဆိုင်ကြောင်း ကြေညာထားကြတဲ့ ကျွန်းတွေကို ပိုင်ဆိုင်မှု ပြသတဲ့အနေနဲ့ ဂျပန်နိုင်ငံရဲ့ အလယ်တန်းနဲ့ အထက်တန်း ကျောင်းတွေမှာ သင်ကြားဖို့ စီစဉ်နေပါတယ်။

သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ ကျွန်းတွေဟာ ဂျပန်နိုင်ငံ နယ်နမိတ်အတွင်းမှာ တည်ရှိကြောင်း ဆရာတွေအနေနဲ့ သင်ကြားဖို့ ပြန်လည်စိစစ် သုံးသပ်နေတဲ့အကြောင်း ပညာရေးဝန်ကြီး Hakubun Shimomura က အင်္ဂါနေ့ကပဲ ပြောဆိုခဲ့တာပါ။

ကျောင်းသင်ခန်းစာမှာ ထည့်သွင်းဖို့ စီစဉ်ထားတဲ့ ကျွန်းတွေထဲမှာတော့ ဂျပန်နိုင်ငံက Takeshima လို့ခေါ်ပြီး၊ တောင်ကိုရီးယားက Dokdo လို့ခေါ်တဲ့ ဂျပန်ပင်လယ်ပြင်ထဲက ကျွန်းစုတွေနဲ့ ဂျပန်နိုင်ငံက Senkaku လို့ခေါ်ပြီး၊ တရုတ်နိုင်ငံက Diaoyu လို့ခေါ်တဲ့ အရှေ့တရုတ် ပင်လယ်ပြင်တွင်းက လူသူမနေတဲ့ ကျွန်းစုတွေ ပါဝင်ပါတယ်။

ဂျပန်နိုင်ငံရဲ့ အစီအစဉ်နဲ့ ပတ်သက်လို့ တောင်ကိုရီးယား နိုင်ငံကတော့ ဂျပန်သံအမတ်ကြီးကို ဆင့်ခေါ် ကန့်ကွက်ခဲ့တာပါ။ အစီအစဉ်ကို ရှုံ့ချခဲ့တဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူကလည်း ဂျပန်နိုင်ငံဘက်က ပြန်လည် ရုပ်သိမ်းဖို့ ပျက်ကွက်မယ်ဆိုရင် လိုအပ်သလို တုံ့ပြန်ဆောင်ရွက်မှာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ အစီအစဉ်နဲ့ ပတ်သက်လို့ မကျေမနပ်ဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူကလည်း ကန့်ကွက်ကြောင်း ပြောဆိုခဲ့သလို၊ တရုတ်နိုင်ငံဟာ ဒီကျွန်းစုတွေကို ရှေးပဝေသဏီ ကတည်းက ပိုင်ဆိုင်ခဲ့တဲ့ သမိုင်းဖြစ်ရပ်မှန်ကို ဂျပန်နိုင်ငံအနေနဲ့ လေးစားဖို့ လိုတယ်လို့လည်း ပြောဆိုသွားပါတယ်။
XS
SM
MD
LG