သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားစက်ရုံပေါက်ကွဲမှု ဂျပန်အရေးပေါ်ကြေညာ


နျူကလီးယားစက်ရုံပေါက်ကွဲမှု ဂျပန်အရေးပေါ်ကြေညာ
နျူကလီးယားစက်ရုံပေါက်ကွဲမှု ဂျပန်အရေးပေါ်ကြေညာ

နျူကလီးယား စက်ရုံပတ်လည် ၁၂ မိုင်အတွင်းကနေ လူတွေ ရွှေ့ပြောင်းနေထိုင်ကြဖို့ ဂျပန်ဝန်ကြီးချုပ် နာအိုးတိုးခန် (Naoto Kan) က တိုက်တွန်းလိုက်ပါတယ်။ ဒီစက်ရုံမှာ စနေနေ့က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

အစိုးရရဲ့ နံပါတ်တစ် ဦးစားပေးလုပ်ငန်းကတော့ စက်ရုံရှိရာ ဖူကူရှီးမားမှာရှိတဲ့ ပြည်သူလူထုရဲ့ လုံခြုံရေးဖြစ်ပါတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ စက်ရုံဝန်းကျင်မှာ ဓါတ်ရောင်ခြည်ဖြာထွက်မှု အဆင့် တက်လာနေပါတယ်။

စနေနေ့က ပေါက်ကွဲမှုကြောင့် ဓါတ်ပေါင်းဖိုရှိတဲ့ အဆောက်အဦး ပျက်စီးသွားခဲ့ပေမဲ့ ဓါတ်ပေါင်းဖိုရဲ့ သတု္တအကာကတော့ မပျက်စီးခဲ့ပါဘူးလို့ ဂျပန်ဝန်ကြီးချုပ် ပြောကြားပြီး မကြာခင်မီမှာပဲ ပြောရေးဆိုခွင့်ရှိသူ ယူကီရို အီဒါနို က ပြောပါတယ်။

အခြေအနေနဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေကို စုဆောင်းနေပါတယ်လို့ အပြည်ပြည်ဆိုင်ရာ အနုမြူ စွမ်းအင် အေဂျင်စီ IAEA က ဆိုပါတယ်။ စက်ရုံအပြင်မှာ ဓါတ်ရောက်ခြည်ထွက်နေတာက ပုံမှန်ထက် များနေတယ်လို့ ဂျပန် မီဒီယာတွေက သတင်းရေးသားနေကြပါတယ်။

ဂျပန်နိုင်ငံဟာ မကြုံခဲ့ဖူးတဲ့ ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်လို့ မစ္စတာ ခန် က ဆိုပါတယ်။

တိုင်းပြည်တဝှမ်း ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေရာမှာ ဂျပန် စစ်သား ၅ သောင်းက ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်နေကြပါတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

လူပေါင်း ၁,၃၀၀ ကျော် သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးနေတယ်လို့ ဂျပန် မီဒီယာသတင်းတွေက တင်ပြကြပါတယ်။ ကမ်းခြေတလျှောက်သွားနေတဲ့ ရထား ၄ စင်းဟာ ဆူနာမီလှိုင်းလုံးတွေ တက်လာပြီးတဲ့နောက် ပျောက်ဆုံးနေတယ်လို့ ကျိုဒို သတင်းဌာနက ဆိုပါတယ်။

လှိုင်းတွေက ၃၅ ပေလောက် တက်လာတဲ့အခါ ယာဉ်တွေ အဆောက်အဦးတွေကို တိုက်ချလိုက်သလို ဖြစ်သွားခဲ့ပြီး တရွာလုံး ရေထဲ ပါသွားတာတွေ ရှိခဲ့ပါတယ်။ ငလျင်နဲ့ ဆူနာမီကြောင့် အဝေးပြေး လမ်းမကြီးတွေနဲ့ အခြေခံအဆောက်အအုံတွေ ဂျပန်နိုင်ငံမှာ ပျက်စီးသွားခဲ့ရပါတယ်။ လူတွေအများကြီးဟာ အမိုးတွေပေါ်မှာ ဒါမှမဟုတ် လွတ်ရာမှာ ပိတ်မိနေကြတဲ့အတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက်လည်း အခက်အခဲတွေ့နေရပါတယ်။

လာမယ့်ရက်တွေမှာ လျှပ်စစ်မီး တနိုင်ငံလုံး နေရာတော်တော်များများမှာ ပြတ်တောက်မယ်လို့ ဂျပန် Tepco လျှပ်စစ်ကုမ္ပဏီက သတိပေးထားပါတယ်။

ငလျင်လှုပ်ရာ အနီးဆုံးမြို့ ဆန်ဒေးမှာ သေဆုံးသူ ရုပ်အလောင်း ၂၀၀ ကနေ ၃၀၀ အထိ တွေ့ရှိရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒီငလျင်ဟာ ဂျပန်မှာ အပြင်းထန်ဆုံး ငလျင်ဖြစ်ပြီး တကမ္ဘာလုံးမှာ နှစ်ပေါင်း ၁၀၀ အတွင်း နံပါတ် (၅) အပြင်းထန်ဆုံး ငလျင်ဖြစ်ပါတယ်။ လူ ၇၀၀ သေဆုံးပြီး ၁,၀၀၀ ကျော် ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

XS
SM
MD
LG