သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေး ကျားကန်မှု အစီအစဉ် ဂျပန် ဝန်ကြီးချုပ်သစ် ကြေညာ


ဂျပန်ဝန်ကြီးချုပ် Shinzo Abe ကို တိုကျိုမြို့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရစဉ်။ (ဇန်နဝါရီ ၁၁၊ ၂၀၁၃)။
ဂျပန်ဝန်ကြီးချုပ် Shinzo Abe ကို တိုကျိုမြို့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရစဉ်။ (ဇန်နဝါရီ ၁၁၊ ၂၀၁၃)။
ကမ္ဘာပေါ်မှာ တတိယစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ စီးပွားရေး ပြန်လည်နိုးထလာစေဖို့ ကျိုးပမ်းမယ့် အစီအစဉ်တခုကို ဂျပန်ဝန်ကြီးချုပ်အသစ် ရှင်ဇိုအာဘေးက ဖွင့်ချကြေညာလိုက်ပါတယ်။
ဂျပန်နိုင်ငံမှာ နှစ်အတန်ကြာ စီးပွားရေးရုံးကန်မှုတွေ ရှိခဲ့ပြီးတဲ့နောက် မနှစ်တုံးက ကျဆင်းသွားခဲ့တဲ့ နိုင်ငံရဲ့ စီးပွားရေးကို ပြန်ပြီးတော့ ချက်ချင်းအားကောင်းလာစေဖို့ အတွက် အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၁၂၀ နီးပါး အသုံးပြုမယ့် အစီအစဉ်ကို သောကြာနေ့မှာ အတည်ပြုလိုက်ပါတယ်။

ဒီအစီအစဉ်ထဲမှာ ကပ်ဘေးအန္တရယ် ပြန်လည်ကယ်တင်ရေး၊ ပြည်သူလူထုအတွင်းဆောင် ရွက်ပေးရမယ့် လုပ်ငန်းတွေ၊ အသေးစား စီးပွားရေးလုပ်ငန်းတွေအတွက် အထောက်ပံ့တွေပေးဖို့၊ စတာတွေပါဝင်ပါတယ်။ ဒီအစီအစဉ်ထဲမှာ ဆယ်စုနှစ် တစုအတွင်း ကာကွယ်ရေးအသုံး စားရိတ် တိုးမြှင့်ပေးအပ်ဖို့လည်း ပါဝင်ပါတယ်။

ဒါဟာ မစ္စတာအာဘေးရဲ့ ရွေးကောက်ပွဲ မဲဆွယ်ကာလတုံးက ပေးခဲ့တဲ့ ကတိကို အကောင်ထည်ဖေါ်တာလည်း ဖြစ်ပါတယ်။ မစ္စတာအာဘေးက ဂျပန်နိုင်ငံ စီးပွားရေးအားကောင်းလာဖို့နဲ့ လူတွေအလုပ်အကိုင်တွေ ရရှိဖို့၊ အစိုးရရဲ့ အသုံးစားရိတ်တွေ တိုးမြင့်ဖို့ စတာတွေကို ဆောင်ရွက်မယ်
ဆိုပြီးတော့ မဲဆွယ်ကာလမှာ ကတိပေးပြောဆို ခဲ့တာပါ။ ဒီလုပ်ရပ်ဟာ ရေတိုကာလ မှာ အကျိုးရှိနိုင်ပေမယ့် ရေရှည်မှာ အလုပ်ဖြစ်နိုင်ပါ့မလား လို့ အများစုက သံသယ ရှိနေကြပါတယ်
XS
SM
MD
LG