သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်လာ တသိန်းကျော် အဂတိ စွပ်စွဲမှု ဂျပန်ဝန်ကြီး နှုတ်ထွက်


ဂျပန်စီးပွါးရေးဝန်ကြီး Akira Amari သတင်းစာရှင်းလင်းပွဲ။ (ဇန်နဝါရီ ၂၈၊ ၂၀၁၆)
ဂျပန်စီးပွါးရေးဝန်ကြီး Akira Amari သတင်းစာရှင်းလင်းပွဲ။ (ဇန်နဝါရီ ၂၈၊ ၂၀၁၆)

ဂျပန်စီးပွါးရေးဝန်ကြီး Akira Amari ကို လာဘ်ငွေ လက်ခံတယ်လို့ မဂ္ဂဇင်း တစောင်က ဖေါ်ပြခဲ့ပြီးတဲ့နောက် ကြာသပတေးနေ့မှာ သူဟာ နှုတ်ထွက် သွားပါပြီ။ ဆောက်လုပ်ရေး ကုမ္ပဏီ အမှုဆောင် တဦးဆီက ငွေလက်ခံခဲ့ တယ်လို့ Amari က သတင်းစာ ရှင်းလင်းပွဲ မှာ ပြောဆိုခဲ့ပေမယ့် သူက ဒါကို နိုင်ငံရေး ရံပုံငွေ လှူ တာ အဖြစ် မှန်မှန်ကန်ကန် မှတ်တမ်းတင်ဖို့ သူ့ရဲ့ လက်ထောက်တွေကို ပြောကြားခဲ့ တယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ ဂျပန်ကို ကမ္ဘာ့တတိယ စီးပွါးရေး အကြီးဆုံးနိုင်ငံပြန်ဖြစ် လာအောင် လုပ်ဆောင်ရာမှာ အကြီးအကဲ အဖြစ် တာဝန်ယူထားတဲ့ Amari ကတော့ သူ့အနေနဲ့ အမှားအယွင်း တစုံတရာ မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အစိုးရအပေါ် လူထုရဲ့ ယုံကြည်မှု လျောပါးအောင် ဖြစ်လာစေမှု အတွက်တော့ တောင်းပန်ခဲ့ပါတယ်။

နိုင်ငံတွင်းလည်ပါတ်နေတဲ့ ငွေကြေးပမာဏ လျော့နည်းနေတာကို ပြန်တက်အောင် ကြိုးစားနေတဲ့ လက်ရှိအစိုးရအဖွဲ့အတွက် သူ့ရဲ့ ဒီအဂတိ လိုက်စားမှု အရှုပ်တော်ပုံက အနှောက်အယှက်ဖြစ်စေမှာကို ကာကွယ်တဲ့ အနေနဲ့ သူရာထူးက ဆင်းပေးတာလို့ လည်း ပြောပါတယ်။

အပတ်စဉ် Bunshun သတင်းစာက ပြီးခဲ့တဲ့ သီတင်းပါတ်ထဲမှာပဲ မစ္စတာ အမာရီ ရဲ့ ဒေါ်လာ တသိန်းကျော် လာဘ်ယူတဲ့ အဂတိလိုက်စားမှု အရှုပ်တော်ပုံကို ဖွင့်ချခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG