သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဂ်ပန္စီးပြားေရးဖြံ႔ၿဖိဳးမႈရည္မွန္းခ်က္ ျပည့္မီဖို႔ ျပည္ပအလုပ္သမား ပိုလုိအပ္ေန 


ဂ်ပန္ႏိုင္ငံ လက္ဖက္စိုက္ခင္းက အလုပ္သမားမ်ား။ (ယခင္ပံုေဟာင္း)

[[Zawgyi/Unicode]]

ဂ်ပန္အစိုးရကခ်မွတ္ထားတဲ့ စီးပြားေရးဖြံ႕ၿဖိဳးမႈရည္မွန္းခ်က္ေတြ ျပည့္မီေရးအတြက္ ဂ်ပန္ႏိုင္ငံအေနနဲ႔ ၂၀၄၀ ခုႏွစ္မတိုင္ခင္ ႏိုင္ငံျခားကေန ေခၚယူတဲ့အလုပ္သမား လက္ရွိထက္ ၄ ဆေလာက္ ပိုၿပီး လိုအပ္မယ္လို႔ တိုက်ိဳၿမိဳ႕အေျခစိုက္ သုေတသနအဖြဲ႔က ေျပာၾကားခ်က္ကို ကိုးကားၿပီး ႐ိုက္တာသတင္းမွာ ေရးပါတယ္။

ဂ်ပန္ႏိုင္ငံရဲ႕ ႏိုင္ငံျခားသားလုပ္သား ထက္ဝက္ေလာက္ဟာ ဗီယက္နမ္နဲ႔ တ႐ုတ္ႏိုင္ငံတို႔က လာၾကတာျဖစ္ေၾကာင္း၊ ဒါေပမယ့္ လာမယ့္ ဆယ္စုႏွစ္ ႏွစ္ခုအတြင္း ျမန္မာနဲ႔ ေကမာၻဒီးယားလိုႏိုင္ငံေတြက ေ႐ြ႕ေျပာင္းအလုပ္သမားေတြ တိုးျမင့္ ေရာက္လာၾကမယ္လို႔ ေမ်ာ္လင့္ေၾကာင္း ဂ်ပန္ ႏိုင္ငံတကာပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႔ (JICA) နဲ႔ ပူးေပါင္း ဖြဲ႔စည္းထားတဲ့ အဲဒီ သုေတသနအဖြဲ႔က ဆိုပါတယ္။

တျဖည္းျဖည္း ေလ်ာ့က်လာေနတဲ့ ဂ်ပန္ႏိုင္ငံရဲ႕လူဦးေရ တိုးပြားမႈႏႈန္းအရ ဂ်ပန္ဟာ ေရႊ႕ေျပာင္းအလုပ္သမားေတြေအပၚ အမ်ားႀကီး မွီခိုအားထားေနရတယ္ဆိုတာ ဒီသုေတသနအရ ေတြ႔ရွိေနေပမယ့္ ႏိုင္ငံျခားက ေရာက္လာမယ့္ ေက်ာင္းသားေတြေအပၚ ကိုဗစ္-19 နဲ႔ဆိုင္တဲ့ တင္းၾကပ္မႈေတြ ခ်မွတ္ထားတာေၾကာင့္ ေမွ်ာ္မွန္းထားသေလာက္ တတ္သိပညာရွင္ေတြ ရႏိုင္ေရးအတြက္ ေမးခြန္းထုတ္စရာ ျဖစ္ေနတယ္လို႔ ဆိုပါတယ္။
အစိုးရကခ်မွတ္ထားတဲ့ ေရရွည္စီးပြားေရး ရည္မွန္းခ်က္ျဖစ္တဲ့ ၁.၂၄% အတိုင္း ျပည့္မီေရးအတြက္ ဂ်ပန္ႏိုင္ငံအေနနဲ႔ ၂၀၄၀ ခုႏွစ္မတိုင္ခင္ ျပည္ပလုပ္သား ၆.၇၄ သန္း ေခၚယူဖို႔ လိုအပ္တယ္လို႔ အဲဒီ သုေတသနအဖြဲ႔က ေထာက္ျပထားပါတယ္။
အဲဒီအေရအတြက္ဟာ လက္ရွိ ရွိေနတဲ့ ႏိုင္ငံျခားသားအလုပ္သမားအေရအတြက္ ၁.၇၂ သန္းထက္ ၃၀၀% တိုးျမႇင့္သြားတာျဖစ္ၿပီး ဂ်ပန္ႏိုင္ငံရဲ႕ စုစုေပါင္း အလုပ္သမား အေရအတြက္ရဲ႕ ၂.၅% ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=======

[[Unicode]]

ဂျပန်စီးပွားရေးဖွံ့ဖြိုးမှုရည်မှန်းချက် ပြည့်မီဖို့ ပြည်ပအလုပ်သမား ပိုလိုအပ်နေ

ဂျပန်အစိုးရကချမှတ်ထားတဲ့ စီးပွားရေးဖွံ့ဖြိုးမှုရည်မှန်းချက်တွေ ပြည့်မီရေးအတွက် ဂျပန်နိုင်ငံအနေနဲ့ ၂၀၄၀ ခုနှစ်မတိုင်ခင် နိုင်ငံခြားကနေ ခေါ်ယူတဲ့အလုပ်သမား လက်ရှိထက် ၄ ဆလောက် ပိုပြီး လိုအပ်မယ်လို့ တိုကျိုမြို့အခြေစိုက် သုတေသနအဖွဲ့က ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးပါတယ်။

ဂျပန်နိုင်ငံရဲ့ နိုင်ငံခြားသားလုပ်သား ထက်ဝက်လောက်ဟာ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတို့က လာကြတာဖြစ်ကြောင်း၊ ဒါပေမယ့် လာမယ့် ဆယ်စုနှစ် နှစ်ခုအတွင်း မြန်မာနဲ့ ကေမ္ဘာဒီးယားလိုနိုင်ငံတွေက ရွေ့ပြောင်းအလုပ်သမားတွေ တိုးမြင့် ရောက်လာကြမယ်လို့ မျော်လင့်ကြောင်း ဂျပန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JICA) နဲ့ ပူးပေါင်း ဖွဲ့စည်းထားတဲ့ အဲဒီ သုတေသနအဖွဲ့က ဆိုပါတယ်။

တဖြည်းဖြည်း လျော့ကျလာနေတဲ့ ဂျပန်နိုင်ငံရဲ့လူဦးရေ တိုးပွားမှုနှုန်းအရ ဂျပန်ဟာ ရွှေ့ပြောင်းအလုပ်သမားတွေအေပါ် အများကြီး မှီခိုအားထားနေရတယ်ဆိုတာ ဒီသုတေသနအရ တွေ့ရှိနေပေမယ့် နိုင်ငံခြားက ရောက်လာမယ့် ကျောင်းသားတွေအေပါ် ကိုဗစ်-19 နဲ့ဆိုင်တဲ့ တင်းကြပ်မှုတွေ ချမှတ်ထားတာကြောင့် မျှော်မှန်းထားသလောက် တတ်သိပညာရှင်တွေ ရနိုင်ရေးအတွက် မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။
အစိုးရကချမှတ်ထားတဲ့ ရေရှည်စီးပွားရေး ရည်မှန်းချက်ဖြစ်တဲ့ ၁.၂၄% အတိုင်း ပြည့်မီရေးအတွက် ဂျပန်နိုင်ငံအနေနဲ့ ၂၀၄၀ ခုနှစ်မတိုင်ခင် ပြည်ပလုပ်သား ၆.၇၄ သန်း ခေါ်ယူဖို့ လိုအပ်တယ်လို့ အဲဒီ သုတေသနအဖွဲ့က ထောက်ပြထားပါတယ်။
အဲဒီအရေအတွက်ဟာ လက်ရှိ ရှိနေတဲ့ နိုင်ငံခြားသားအလုပ်သမားအရေအတွက် ၁.၇၂ သန်းထက် ၃၀၀% တိုးမြှင့်သွားတာဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ စုစုပေါင်း အလုပ်သမား အရေအတွက်ရဲ့ ၂.၅% ဖြစ်ပါတယ်။

==============

XS
SM
MD
LG