သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ရွေးကောက်ပွဲ ဝန်ကြီးချုပ်တို့ နိုင်ခြေရှိ


ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (ဒု-ယာ) နဲ့ အာဏာရပါတီ ခေါင်းဆောင်များ။ (ဇူလိုင်လ ၂၀ ရက်၊ ၂၀၁၃)
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (ဒု-ယာ) နဲ့ အာဏာရပါတီ ခေါင်းဆောင်များ။ (ဇူလိုင်လ ၂၀ ရက်၊ ၂၀၁၃)
ဂျပန်နိုင်ငံရဲ့ စီးပွားရေးဟာ ပြန်လည် နလန်ထစပြုနေပြီဖြစ်ပြီး တနင်္ဂနွေနေ့ လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲမှာ သူ့ကို ထောက်ခံအားပေးဖို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးက ပြောပါတယ်။ အထက်လွှတ်တော် ရွေးကောက်ပွဲမတိုင်မီ တရက်အလို စနေနေ့က တိုကျိုမြို့မှာ မစ္စတာ အာဘေးက အခုလိုပြောခဲ့တာပါ။

တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင်တော့ မစ္စတာ အာဗေးရဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ အယ်လ်ဒီပီ နဲ့ သူ့ရဲ့ မဟာမိတ် နယူးကိုမီအီတို ပါတီ တို့ဟာ ပါလီမန် ၂ ရပ်စလုံးကို ထိန်းချုပ်နိုင်မှာပါ။ ဒါဟာ ဒီနှစ်ပိုင်းတွေအတွင်း အစိုးရရဲ့ ရည်မှန်းချက် တခုလည်း ဖြစ်နေတာပါ။ အထူးသဖြင့် ဂျပန်နိုင်ငံအနေနဲ့အသက်အရွယ်ကြီးရင့်သူ အရေအတွက် နဲ့ နိုင်ငံအကြွေးပမာဏ တိုးများလာတာ စတဲ့ အခက်အခဲတွေကို ရင်ဆိုင် နေရချိန်မှာ ဒီလို ပါလီမန်ကို ထိန်းချုပ်ထားနိုင်တဲ့ အခွင့်အရေးကိုရရင် ဥပဒေတွေကို အတည်ပြုနိုင်ဖို့ ပိုပြီးလွယ်ကူတဲ့အခွင့်အရေးကိုလည်း ရမှာဖြစ်ပါတယ်။

မစ္စတာ အာဗေးနဲ့ အယ်လ်ဒီပီ ပါတီဝင်တွေဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အမေရိကန်ပြည်ထောင်စုက မူကြမ်းရေးဆွဲပေးခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ စစ်ဆန့်ကျင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ချင်ကြတာပါ။ ဒီလိုပြင်ဆင်နိုင် ရင်တော့ ဂျပန်တပ်မတော်ရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင် မှာဖြစ်ပြီး ကျောင်းသားတွေကို မျိုးချစ်စိတ်ဓာတ်နဲ့ ပတ်သတ်တဲ့အကြောင်းကို ပိုမိုသင်ကြားပေးနိုင်တဲ့ ပညာရေးစနစ်ကိုလည်း ပြောင်းလဲချင်ကြ တာ ဖြစ်ပါတယ်။
XS
SM
MD
LG