သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ပန္ေရြးေကာက္ပြဲ လုပ္ၾကံခံရတဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္းရဲ႕ပါတီ အမ်ားစုအႏိုင္ရေန


Japan Elections ဂ်ပန္၀န္ႀကီးခ်ဳပ္ Fumio Kishida

ဂ်ပန္ႏိုင္ငံမွာ တနဂၤေႏြေန႔ က်င္းပတဲ့ ေရြးေကာက္ပဲြအတြင္း ေရတြက္ၿပီးသမွ် မဲစာရင္းေတြအရ "ဂ်ီမင္းတို႔" ေခၚ လက္ရွိအာဏာရ LDP (Liberal Democratic Party) ပါတီက အထက္လႊတ္ေတာ္မွာ လုံေလာက္တဲ့ ေနရာအမ်ားစုကို အႏိုင္ရထားပါတယ္။ နာရာျမဳိ႕မွာ ေသာၾကာေန႔က မဲဆြယ္စည္း႐ုံးေနတုန္း ဝန္ႀကီးခ်ဳပ္ေဟာင္း Shinzo Abe ေသနတ္နဲ႔ လုပ္ၾကံခံရၿပီးေနာက္ တနဂၤေႏြေန႔က်င္းပတဲ့ အထက္လႊတ္ေတာ္ေရြးေကာက္ပြဲအတြက္ ဂ်ပန္ျပည္သူေတြ မဲ႐ုံေတြကို သြားၿပီး မဲေပးခဲ့ၾကတာပါ။

LDP ပါတီဌာနခ်ဳပ္မွာ အႏိုင္ရကိုယ္စားလွယ္ စာရင္းေတြ မေၾကညာခင္မွာ ဂ်ပန္ဝန္ႀကီးခ်ဳပ္ Fumio Kishida ဦးေဆာင္ၿပီး ၊ က်ဆုံးခဲ့ရတဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္း Shinzo Abe အတြက္ ဝမ္းနည္းျခင္း အထိမ္းအမွတ္အျဖစ္ တမိနစ္ ၿငိမ္သက္ အေလးျပဳခဲ့ၾကပါတယ္။ အထက္လႊတ္ေတာ္မွာ LDP ကိုယ္စားလွယ္အမ်ားစု အႏိုင္ရတာကိုၾကည့္ရင္ Shinzo Abe လုပ္ၾကံခံရတဲ့အေပၚ သနားစာနာစိတ္နဲ႔ ေပးတဲ့ မဲအေရအတြက္ မ်ားခဲ့ပုံ ရတယ္လို႔ သုံးသပ္ၾကပါတယ္။ တနဂၤေႏြေရးပဲြဟာ လြတ္လပ္စြာ ေျပာဆိုခြင့္နဲ႔ အၾကမ္းဖက္လုပ္ရပ္ေၾကာင့္ ဒီမိုကေရစီ ေနာက္ျပန္ ဆုတ္မသြားသင့္ဘူးဆိုတာကို ႏိုင္ငံေရးေခါင္းေဆာင္ေတြ အေလးထားရမယ္ဆိုတဲ့ အသြင္ကို ေဆာင္ေစတယ္လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

ဂျပန်နိုင်ငံမှာ တနင်္ဂနွေနေ့ ကျင်းပတဲ့ ရွေးကောက်ပွဲအတွင်း ရေတွက်ပြီးသမျှ မဲစာရင်းတွေအရ "ဂျီမင်းတို့" ခေါ် လက်ရှိအာဏာရ LDP (Liberal Democratic Party) ပါတီက အထက်လွှတ်တော်မှာ လုံလောက်တဲ့ နေရာအများစုကို အနိုင်ရထားပါတယ်။ နာရာမြို့မှာ သောကြာနေ့က မဲဆွယ်စည်းရုံးနေတုန်း ဝန်ကြီးချုပ်ဟောင်း Shinzo Abe သေနတ်နဲ့ လုပ်ကြံခံရပြီးနောက် တနင်္ဂနွေနေ့ကျင်းပတဲ့ အထက်လွှတ်တော်ရွေးကောက်ပွဲအတွက် ဂျပန်ပြည်သူတွေ မဲရုံတွေကို သွားပြီး မဲပေးခဲ့ကြတာပါ။

LDP ပါတီဌာနချုပ်မှာ အနိုင်ရကိုယ်စားလှယ် စာရင်းတွေ မကြေညာခင်မှာ ဂျပန်ဝန်ကြီးချုပ် Fumio Kishida ဦးဆောင်ပြီး ၊ ကျဆုံးခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း Shinzo Abe အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တမိနစ် ငြိမ်သက် အလေးပြုခဲ့ကြပါတယ်။ အထက်လွှတ်တော်မှာ LDP ကိုယ်စားလှယ်အများစု အနိုင်ရတာကိုကြည့်ရင် Shinzo Abe လုပ်ကြံခံရတဲ့အပေါ် သနားစာနာစိတ်နဲ့ ပေးတဲ့ မဲအရေအတွက် များခဲ့ပုံ ရတယ်လို့ သုံးသပ်ကြပါတယ်။ တနင်္ဂနွေရေးပွဲဟာ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် ဒီမိုကရေစီ နောက်ပြန် ဆုတ်မသွားသင့်ဘူးဆိုတာကို နိုင်ငံရေးခေါင်းဆောင်တွေ အလေးထားရမယ်ဆိုတဲ့ အသွင်ကို ဆောင်စေတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG