သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တစ်နှစ်ကြာမြောနေတဲ့ ဂျပန်ငါးဖမ်းသင်္ဘော ပြန်တွေ့


ပြီးခဲ့တဲ့နှစ် မတ်လ ၁၁ ရက်နေ့က ဂျပန်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ဆူနာမီ လှိုင်းလုံးကြီးတွေရဲ့ ရိုက်ခတ်မှုကြောင့် ပျောက်ဆုံးနေတဲ့ ဂျပန် ငါးဖမ်းသင်္ဘော တစ်စင်းကို အခု ကနေဒါနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းရဲ့ ကမ်းလွန်နေရာမှာ တွေ့ရှိခဲ့ရပါတယ်။

ပေ ၁၆၀ ကျော် အရှည်ရှိတဲ့ ဒီငါးဖမ်းသင်္ဘောကို ကနေဒါနိုင်ငံ တောင်ဘက်မှာ ရှိတဲ့ Haida Gwaii အငူရဲ့ အနောက်ဘက် ရေမိုင် ၁၅၀ လောက်အကွာမှာ တွေ့ခဲ့ရတာပါ။ ဒါဟာ Vancouver မြို့ရဲ့ အနောက်မြောက်ဘက် မိုင် ၆၀ လောက်အကွာမှာ ဖြစ်ပါတယ်။

ဒီသင်္ဘောဟာ ကနေဒါကမ်းခြေဆီ တဖြည်းဖြည်း ရွေ့လာနေတာမို့ ရေကြောင်း မတော်တဆ အန္တရာယ် ဖြစ်လာနိုင်ကြောင်း ကနေဒါအစိုးရက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဒီလှေဟာ ပြီးခဲ့တဲ့နှစ်က ဆူနာမီလှိုင်း ရိုက်ခတ်မှုကြောင့် ပစိဖိတ် သမုဒ္ဒရာကို ဖြတ်ပြီး မြောက်အမေရိက တိုက်ကို ပထမဆုံး ရောက်ရှိလာတဲ့ အကြီးဆုံး သင်္ဘောတစ်စင်းလည်း ဖြစ်ပါတယ်။

XS
SM
MD
LG