သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန် နိုင်ငံခြားရေးဝန်ကြီး နှုတ်ထွက်ဖို့ ဖိအားပေးခံရ


ဂျပန် နိုင်ငံခြားရေးဝန်ကြီး နှုတ်ထွက်ဖို့ ဖိအားပေးခံရ

နိုင်ငံခြားသားတွေထံက အလှူငွေကို လက်ခံခဲ့တဲ့အတွက် နိုင်ငံခြားရေးဝန်ကြီး ဆေအိဂျိ မာဟေးရား (Seiji Maehara) ရာထူးက နှုတ်ထွက်ပေးဖို့ ဂျပန် အတိုက်အခံ အင်အားစုတွေက တနင်္ဂနွေနေ့မှာ တောင်းဆိုလိုက်ကြပါတယ်။

လွှတ်တော် ရွေးကောက်ပွဲ ၀င်ကြမယ့် ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ နိုင်ငံခြားသားတွေထံကနေ အလှူငွေကို လက်မခံဖို့ ဂျပန်ဥပဒေက တားမြစ်ထားတာပါ။ သူနဲ့ နှစ်ပေါင်းများစွာ ရင်းနှီး ခင်မင်ခဲ့ပြီး ကျိုတိုမြို့မှာ ဘာဘီကျူး အသားကင်ဆိုင် ဖွင့်ထားတဲ့ ကိုရီးယားလူမျိုး အမျိုးသမီးထံက ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်တုန်းက သူ့ရဲ့ ရွေးကောက်ပွဲ ကော်မတီက အလှူငွေ အမေရိကန်ဒေါ်လာ ၆၁၀ လက်ခံရရှိခဲ့တယ်လို့ မစ္စတာ မာဟေးရားက သောကြာနေ့မှာ ပြောခဲ့တာပါ။

သူ့အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်လိုပေမဲ့လည်း သူ့ရဲ့ အဆုံးသတ် ကံကြမ္မာကိုတော့ ၀န်ကြီးချုပ် နာအိုတို ခန်း (Naoto Kan) က အဆုံးအဖြတ် ပေးပါလိမ့်မယ်လို့ မစ္စတာ မာဟေးရားက စနေနေ့မှာ ပြောခဲ့ပါတယ်။

အဲဒီလို အလှူငွေကို လက်ခံခဲ့တယ် ဆိုတာကို သူ့အနေနဲ့ မသိပေမဲ့ ဒီကိစ္စကို သူတာဝန်ယူတယ်လို့ ဆိုပါတယ်။ အဲဒီလို ငွေတွေ လက်ခံခဲ့တဲ့အတွက် သူ့အနေနဲ့ တောင်းပန်ခဲ့ပြီး ငွေတွေကို ပိုင်ရှင်ထံ ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။

XS
SM
MD
LG