သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်ရောက် ဂျပန်နိုင်ငံခြားဝန်ကြီး Kono ဂျပန်စစ်သချို ၤင်း ဂါရဝပြု


ရန်ကုန်ရောက် ဂျပန်နိုင်ငံခြားဝန်ကြီး Kono ဂျပန်စစ်သချို ၤင်း ဂါရဝပြုနေစဉ်။ (ဇန်နဝါရီ ၁၁-၂၀၁၈)
ရန်ကုန်ရောက် ဂျပန်နိုင်ငံခြားဝန်ကြီး Kono ဂျပန်စစ်သချို ၤင်း ဂါရဝပြုနေစဉ်။ (ဇန်နဝါရီ ၁၁-၂၀၁၈)

မြန်မာနိုင်ငံကို ၃ ရက်ကြာ ခရီးစဉ်အဖြစ် ဒီကနေ့ပဲ ရောက်လာတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono ဟာ ဒီကနေ့မှာတော့ ရန်ကုန်မြို့က စစ်အတွင်း ကျဆုံးသူ ဂျပန်စစ်သည်တွေ မြှုပ်နှံထားတဲ့ သချို ၤင်းကိုသွားရောက် ဂါရဝပြုခဲ့ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ မနက်ဖြန်မှာတော့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံပြီး၊ သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့လည်း စီစဉ်ထားပါတယ်။

ခရီးစဉ်အတွင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။ စနေနေ့မှာတော့ မကြာသေးခင်တုန်းက တကျော့ပြန် ပဋိပက္ခတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်ကိုလည်း သွားရောက်မှာပါ။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ် မတိုင်မီ မနေ့တုန်းကတော့ ပြီးခဲ့တဲ့လထဲ ဖမ်းဆီးခံခဲ့ရတဲ့ Reuters သတင်းဌာနက မြန်မာသတင်းသမား ၂ ဦး ကိစ္စအပါအဝင် လူ့အခွင့်အရေး ကိစ္စတွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းစရာတွေကို မြန်မာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှာဖြစ်ကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Yoshihide Suga က ပြောဆိုထားပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ အခြေခံ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့ဟာ နိုင်ငံတကာ အသိုင်းအဝန်းက အလေးထားတဲ့ စံတန်ဘိုးတွေဖြစ်ကြောင်းလည်း မနေ့တုန်းက တိုကျိုမြို့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG