သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံသား အမျိုးသမီးတဦးရဲ့ အခွင့်အရေး ချိုးဖောက်ခံရမှု


မြန်မာနိုင်ငံကို စီးပွားရေးဗီဇာနဲ့ လာရောက်ခဲ့တဲ့ ဂျပန်အမျိုးသားတယောက်က သူတည်းခိုခဲ့တဲ့ ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်မှာရှိတဲ့ အော်ခစ်ဟော်တည်က အမျိုးသမီးဝန်ထမ်းတယောက်ကို ဇန်နဝါရီလ ၂၈ ရက်နေ့တုန်းက ပါးရိုက်ခဲ့တဲ့ဖြစ်ရပ်တခု ဖြစ်ခဲ့ပါတယ်။ ဒီအမှုကို ရဲစခန်းမှာ တိုင်ကြားခဲ့ပြီးတော့ ကာယကံရှင်က အမှုဖွင့်ထားပါတယ်။ ဒါပေမဲ့ ကိုယ်ထိလက်ရောက် စော်ကားခံခဲ့ရတဲ့ မအေးအေးကြည်ကို ပါးရိုက်ခဲ့တဲ့ ဂျပန်ဧည့်သည် မစ္စတာ အိုကာဟရှိ တာကရှိ က ပြန်ပြီးတော့ တရားစွဲထားတယ်လို့ သိရပါတယ်။ ဒီဖြစ်ရပ်ကြောင့် မအေးအေးကြည်ဟာ မြန်မာနိုင်ငံသားတဦး အထူးသဖြင့် မြန်မာအမျိုးသမီးတဦးရဲ့ အခွင့်အရေးကို ချိုးဖောက်ခံခဲ့ရပါသလား။ အခုလို ချိုးဖောက်ခံခဲ့ရတယ်ဆိုရင်လည်း ဘာကြောင့် ဒီလို ဖြစ်ရတာပါလဲ။ ဖြစ်ရပ်မှန် ဖော်ထုတ်ဖို့ ဘယ်သူတွေမှာ တာဝန်အရှိဆုံးပါလဲ။ ဒီလိုဖြစ်ရပ်မျိုး နောက်နောင် မပေါ်ပေါက်ရလေအောင် အကာအကွယ်ပေးနိုင်ဖို့အတွက် ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။

XS
SM
MD
LG