သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖူကူရှီးမားက ဒုက္ခသည်တွေကို လျော်ကြေးပေးဖို့ ဂျပန်အစိုးရညွှန်ကြား


ဖူကူရှီးမားက ဒုက္ခသည်တွေကို လျော်ကြေးပေးဖို့ ဂျပန်အစိုးရညွှန်ကြား
ဖူကူရှီးမားက ဒုက္ခသည်တွေကို လျော်ကြေးပေးဖို့ ဂျပန်အစိုးရညွှန်ကြား

ဂျပန်ငလျင်နဲ့ ဆူနာမီဘေးဒဏ်ကြောင့် ရေဒီယိုသတ္တိကြွ ဓါတ်ရောင်ခြည်ပျံ့နှံ့မှု အန္တရာယ်စိုးရိမ်နေရတဲ့ ဖူကူရှီးမား (Fukushima) နျူကလီးယား ဓါတ်အားပေးစက်ရုံ တာဝန်ရှိသူတွေ အနေနဲ့ အဲဒီဒေသတဝိုက်ကနေ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြရသူတွေကို လျော်ကြေးပေးဖို့အစီအစဉ် စတင်ပါရန် ဂျပန်အစိုးရက ညွှန်ကြားလိုက်ပါတယ်။

TEPCO ခေါ် တိုကျို လျှပ်စစ်ဓါတ်အားပေး ကုမ္ပဏီကနေ ရွှေ့ပြောင်းခဲ့ကြရသူတွေ အတွက် ရေတိုအသုံးစရိတ် ကာမိအောင် လျော်ကြေးငွေတွေ အမြန်ဆုံး ပံ့ပိုးပေးစေလိုတယ်လို့ ဂျပန်စက်မှုဝန်ကြီးက မနေ့က ပြောဆိုလိုက်ပါတယ်။ TEPCO ကုမ္ပဏီက ကနဦးပေးခဲ့တဲ့ လျော်ကြေးဟာ သိပ်နည်းလွန်းတယ်လို့ ဖူကူရှီးမား ခရိုင်အုပ်ချုပ်ရေးမှူး ယူဟဲအိဆာတိုက အပြစ်တင်လိုက်ပါတယ်။ TEPCO ကရော အစိုးရကပါ ဒုက္ခသည်တွေကို ပံ့ပိုးဖို့လိုတယ်လို့ ဆိုပါတယ်။

ငလျင်နဲ့ ဆူနာမီဘေးမသင့်မီက ဖူကူရှီးမား ဓါတ်အားပေးစက်ရုံရဲ့ ၁၉ မိုင်ဝန်းကျင်မှာ အခြေချနေထိုင်ကြသူ မိသားစု ၅ သောင်းအတွက် လျော်ကြေးငွေတွေ ပေးရမှာဖြစ်ပါတယ်။ မိသားစုတစုကို ဒေါ်လာ ၁ သောင်း ၂ ထောင်စီ ရရှိမှာဖြစ်ပြီး မိသားစုထဲက လူကြီးတွေအတွက် အဲဒီငွေရဲ့ ၇၅% ခံစားခွင့်ရှိမှာဖြစ်ပါတယ်။

မတ်လ ၁၁ ရက်နေ့က ငလျင်ကြောင့် ဖူကူရှီးမား ဓါတ်အားပေးစက်ရုံရဲ့ အအေးပေးစနစ် ပျက်စီးခဲ့ပြီး ရေဒီယို သတ္တိကြွ ဓါတ်ရောင်ခြည်ပျံ့နှံ့မှု အန္တရာယ်နဲ့ ရင်ဆိုင်နေရတာကြောင့် ကျွမ်းကျင်သူတွေ ကြိုးစားပြင်ဆင်နေကြဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG