သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖို မီးလောင်မှု ထပ်ဖြစ်


ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖို မီးလောင်မှု ထပ်ဖြစ်
ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖို မီးလောင်မှု ထပ်ဖြစ်

ဂျပန်နိုင်ငံမှာ ငလျင်ဒဏ်ခံရလို့ ပျက်စီးခဲ့ပြီးဖြစ်တဲ့ ဖူကူရှီးမားက နျူကလီးယားစက်ရုံ ဓာတ်ပေါင်းဖိုမှာ မီးလောင်မှုအသစ် ဖြစ်ပွားခဲ့ပါတယ်။ မီးက ဓာတ်ပေါင်းဖို နံပါတ် ၄ မှာ ဗုဒ္ဓဟူးနေ့ မနက်စောစောက စခဲ့တာပါလို့ စက်ရုံကိုလည်တဲ့ တိုကျို လျှပ်စစ်ဓာတ်အား ကုမ္ပဏီက ပြောပါတယ်။ ကနဦး မီးကိုတော့ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဖူကူရှီးမားက ဓာတ်ပေါင်းဖို နံပါတ် ၂ မှာ ဓာတ်ပေါင်းဖိုကို ကာထားတဲ့ အကာအိမ် ထိခိုက် ပျက်စီးသွားခဲ့တယ်လို့ အစိုးရက ပြောပါတယ်။ စက်ရုံအတွင်းမှာရှိတဲ့ ဓာတ်ပေါင်းဖိုရှိရာ ၂ နေရာမှာ ပေါက်ကွဲမှုတွေ သောကြာနေ့က ဖြစ်ပွားခဲ့တာပါ။

အဲဒီစက်ရုံတွေကနေ ဖြစ်လာတဲ့ နျူကလီးယား ဘေးအန္တရာယ်ကို အစိုးရက ရှင်းနိုင်အောင်လို့ ကြိုးစားနေပါတယ်။ အဲဒီဒေသတွင်းက လူ ၂၀၀,၀၀၀ ကိုလည်း နေရာကနေ ရွှေ့ပြောင်းပေးခဲ့ပြီး ဖြစ်ပါတယ်။

မြေငလျင်နဲ့ ဆူနာမီဘေး ကြုံပြီးတဲ့နောက် အစားအစာ၊ ရေနဲ့ ခိုကိုးရာမဲ့နေတဲ့ လူ ထောင်ပေါင်းများစွာဆီကို အကူအညီပေးရေး ပစ္စည်းတွေနဲ့အတူ ဆရာဝန်တွေကို ဂျပန်အစိုးရက ပို့ပေးနေပါတယ်။

လူ ၃,၀၀၀ သေဆုံးတာကို အစိုးရ တာဝန်ရှိသူတွေက အတည်ပြုတယ်လို့ ဂျပန် NHK ရုပ်မြင်သံကြားက ဆိုပါတယ်။ လူ ၁၀,၀၀၀ ကျော် ပျောက်ဆုံးနေပြီး သေမှာ စိုးရိမ်နေရပါတယ်။

ဂျပန် အရှေ့မြောက်ပိုင်းဟာ ဒီဒဏ်ကို အခံရဆုံး ဖြစ်ပါတယ်။ နျူကလီးယားဘေးပါ ကြုံရမလားလို့လည်း စိုးရိမ်နေကြရတာပါ။

အခုလို ဘေးကြီး ၃ မျိုး ကြုံကြရတာကတော့ အတိုင်းအဆက ကြီးမားလှပါတယ်။ ဒီလို အကျပ်အတည်းမျိုး အရင်တုန်းက မမြင်ခဲ့ဖူးပါဘူးလို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေးရုံး ပြောရေးဆိုခွင့်ရှိသူ စတက်ဖနီ ဘန်ကာ (Stephanie Bunker) က ဗွီအိုအေကို အင်္ဂါနေ့က ပြောပါတယ်။

XS
SM
MD
LG