သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဂ်ပန္အာဏာရပါတီ ေခါင္းေဆာင္သစ္ တင္ေျမႇာက္


ဂ်ပန္ဝန္ႀကီးခ်ဳပ္သစ္ျဖစ္လာမယ့္ ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း Fumio Kishida

Zawgyi/Unicode

ဂ်ပန္အာဏာရပါတီက Fumio Kushida ကို ပါတီေခါင္းေဆာင္အျဖစ္ ဗုဒၶဟူးေန႔ မွာ တင္ေျမႇာက္လိုက္ၾကတဲ့ အတြက္ ဝန္ႀကီးခ်ဳပ္ေနရာကို ဆက္ခံႏိုင္ဖို႔ ကူရွီဒါအတြက္ ေနာက္တဆင့္ နီးစပ္သြားၿပီ ျဖစ္ပါတယ္။

လစ္ဘရယ္ ဒီမိုကရက္တစ္ပါတီေခါင္းေဆာင္ ဒုတိယအသုတ္ေ႐ြးပြဲမွာ ယခင္ ႏိုင္ငံျခားေရးဝန္ႀကီး ကူရွီဒါ က ၿပိဳင္ဘက္ တာ႐ိုကိုႏိုကို ၂၅၆ မဲ၊ ၂၅၅ မဲနဲ႔ အႏိုင္ရရွိသြားခဲ့တာ ျဖစ္ပါတယ္။ေ႐ြးခ်ယ္ပြဲကို တိုက်ိဳ ဟိုတယ္ တခုမွာ က်င္းပခဲ့တာပါ။

မဲဆႏၵရွင္ေတြရဲ႕ သေဘာထားအျမင္စစ္တမ္းမွာေတာ့ ကိုႏို က ဦးေဆာင္ေနေပမဲ့ ကူရွီဒါက အမတ္ေတြ ရဲ႕ ေထာက္ခံမႈ ပို ရခဲ့ပါတယ္။

“ပိုၿပီးပြင့္လင္းတဲ့ လစ္ဘရယ္ ဒီမိုကရက္တစ္ပါတီျဖစ္ေအာင္၊ ဂ်ပန္အတြက္ ေတာက္ပတဲ့အနာဂတ္ ျဖစ္ေအာင္ ခင္ဗ်ားတို႔နဲ႔အတူ အားထုတ္သြားဖို႔ က်ေနာ္ ပိုင္းျဖတ္ထားပါတယ္။” လို႔ ကူရွီဒါက ေျပာခဲ့ပါတယ္။

ေအာက္တိုဘာလ ၄ ရက္ေန႔ ပါလီမန္အစည္းအေဝး ရာထူးက အနားယူေတာ့မယ့္ ဝန္ႀကီးခ်ဳပ္ Yoshihide Suga ရဲ႕ ေနရာမွာ ကူရွီဒါဟာ ဂ်ပန္ႏိုင္ငံရဲ႕ဝန္ႀကီးခ်ဳပ္အသစ္ ျဖစ္လာဖြယ္ရွိပါတယ္။လာမယ့္ ႏိုဝင္ဘာ ၂၈ အေထြေထြ ေ႐ြးေကာက္ပြဲမွာ ပါတီကို သူ က ဦးေဆာင္ရမွာပါ။

အိုလံပစ္ၿပိဳင္ပြဲေတြ က်င္းပခဲ့တာနဲ႔ပတ္သက္ၿပီး Covid 19 ကိုင္တြယ္ပုံအေပၚ လူထုက မေက်နပ္ၾကတဲ့အတြက္ ဝန္ႀကီးခ်ဳပ္ရွဴးဂ က ဒီလအေစာပိုင္းမွာ ရာထူးက ႏုတ္ထြက္ေပးခဲ့ပါတယ္။

ဂ်ပန္အာဏာရပါတီ ေခါင္းေဆာင္သစ္ တင္ေျမႇာက္
please wait

No media source currently available

0:00 0:03:15 0:00
တိုက္႐ိုက္ လင့္ခ္


-------

Unicode

ဂျပန်အာဏာရပါတီ ခေါင်းဆောင်သစ် တင်မြှောက်

ဂျပန်အာဏာရပါတီက Fumio Kushida ကို ပါတီခေါင်းဆောင်အဖြစ် ဗုဒ္ဓဟူးနေ့ မှာ တင်မြှောက်လိုက်ကြတဲ့ အတွက် ဝန်ကြီးချုပ်နေရာကို ဆက်ခံနိုင်ဖို့ ကူရှီဒါအတွက် နောက်တဆင့် နီးစပ်သွားပြီ ဖြစ်ပါတယ်။

လစ်ဘရယ် ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဒုတိယအသုတ်ရွေးပွဲမှာ ယခင် နိုင်ငံခြားရေးဝန်ကြီး ကူရှီဒါ က ပြိုင်ဘက် တာရိုကိုနိုကို ၂၅၆ မဲ၊ ၂၅၅ မဲနဲ့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ရွေးချယ်ပွဲကို တိုကျို ဟိုတယ် တခုမှာ ကျင်းပခဲ့တာပါ။

မဲဆန္ဒရှင်တွေရဲ့ သဘောထားအမြင်စစ်တမ်းမှာတော့ ကိုနို က ဦးဆောင်နေပေမဲ့ ကူရှီဒါက အမတ်တွေ ရဲ့ ထောက်ခံမှု ပို ရခဲ့ပါတယ်။

“ပိုပြီးပွင့်လင်းတဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီဖြစ်အောင်၊ ဂျပန်အတွက် တောက်ပတဲ့အနာဂတ် ဖြစ်အောင် ခင်ဗျားတို့နဲ့အတူ အားထုတ်သွားဖို့ ကျနော် ပိုင်းဖြတ်ထားပါတယ်။” လို့ ကူရှီဒါက ပြောခဲ့ပါတယ်။

အောက်တိုဘာလ ၄ ရက်နေ့ ပါလီမန်အစည်းအဝေး ရာထူးက အနားယူတော့မယ့် ဝန်ကြီးချုပ် Yoshihide Suga ရဲ့ နေရာမှာ ကူရှီဒါဟာ ဂျပန်နိုင်ငံရဲ့ဝန်ကြီးချုပ်အသစ် ဖြစ်လာဖွယ်ရှိပါတယ်။လာမယ့် နိုဝင်ဘာ ၂၈ အထွေထွေ ရွေးကောက်ပွဲမှာ ပါတီကို သူ က ဦးဆောင်ရမှာပါ။

အိုလံပစ်ပြိုင်ပွဲတွေ ကျင်းပခဲ့တာနဲ့ပတ်သက်ပြီး Covid 19 ကိုင်တွယ်ပုံအပေါ် လူထုက မကျေနပ်ကြတဲ့အတွက် ဝန်ကြီးချုပ်ရှူးဂ က ဒီလအစောပိုင်းမှာ ရာထူးက နုတ်ထွက်ပေးခဲ့ပါတယ်။

#Japan #FumioKushida #JapanPolitics #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG