ကမၻာ့ေစ်းကြက္အေျခအေနကို အနီးကပ္ေစာင့္ၾကည့္ၿပီး လိုအပ္တဲ့ ထိန္းညႇိေဆာင္႐ြက္မႈေတြ လုပ္သြားဖို႔ ဂ်ပန္နဲ႔ ဂ်ာမနီ ႏွစ္ႏိုင္ငံ ဒီကေန႔ သေဘာတူလိုက္ၾကပါတယ္။ အေမရိကန္အပါအဝင္ အေနာက္ႏိုင္ငံဘဏ္တခ်ဳိ ႔မွာ ေငြေၾကးျပႆနာေတြ ၾကဳံေနရခ်ိန္မွာ၊ ဂ်ာမနီဝန္ႀကီးခ်ဳပ္ Olaf Scholz နဲ႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ Fumio Kishida တို႔ ဒီကေန႔ တိုက်ိဳၿမိဳ႕ေတာ္မွာ ေတြ႔ဆုံခ်ိန္ သေဘာတူညီမႈ ရယူလိုက္တာပါ။
ဂ်ာမဏီဝန္ႀကီးခ်ဳပ္ Scholz ဦးေဆာင္ၿပီး ဂ်ာမနီ ဘ႑ာေရးဝန္ႀကီးအပါအဝင္ ဝန္ႀကီး ၆ ဦး ဂ်ပန္ႏိုင္ငံကို ေရာက္႐ွိတာျဖစ္ၿပီး၊ ဒီကေန႔ ႏွစ္ႏိုင္ငံ ဘ႑ာေရးဝန္ႀကီးေတြအၾကား ၄၅ မိနစ္ၾကာ ေဆြးေႏြးခဲ့ၾကၿပီးတဲ့ေနာက္ ဒီရလဒ္ေတြ ရခဲ့တာလည္း ျဖစ္ပါတယ္။ ဒီကေန႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္႐ုံးမွာ က်င္းပတဲ့ ၂ ႏိုင္ငံ ထိပ္သီး ေဆြးေႏြးပြဲမွာေတာ့ ဂ်ပန္နဲ႔ ဂ်ာမနီ စီးပြားေရးနဲ႔ ကာကြယ္ေရးကိစၥေတြ ပို နီးနီးကပ္ကပ္ လုပ္ေဆာင္ဖို႔ ရည္မွန္းထားတယ္လို႔ ဂ်ာမနီ အရာ႐ွိေတြက ေျပာထားပါတယ္။
ႏွစ္ႏိုင္ငံ ကာကြယ္ေရးဝန္ႀကီး ႏွစ္ဦးလည္း ဒီကေန႔ ေတြ႔ဆံုခဲ့ၾကၿပီး အင္ဒို-ပစိဖိတ္ေဒသ လုံျခဳံေရးကိစၥေတြ ေဆြေႏြးမယ့္အေၾကာင္း ၂ ႏိုင္ငံ အရာ႐ွိေတြက ေျပာပါတယ္။ ကမၻာလုံးဆိုင္ရာ လုံျခဳံေရးကိစၥေတြ ေဆြးေႏြးဖို႔ ေမွ်ာ္လင့္ေၾကာင္းကို ဂ်ာမနီ ဝန္ႀကီးခ်ဳပ္ကလည္း အစည္းအေဝးမတိုင္ခင္ ေျပာဆိုထားပါတယ္။
ဂ်ာမနီအေနနဲ႔ အရင္က အခုလို က႑ေပါင္းစုံဝန္ႀကီးေတြပါတဲ့ ထိပ္သီးပြဲေတြကို တ႐ုတ္နဲ႔ ျပင္သစ္ ႏိုင္ငံေတြနဲ႔ လုပ္ခဲ့ေပမဲ့၊ ဂ်ပန္နဲ႔ကေတာ့ ပထမဆုံး အက်ယ္တဝံ့ က်င္းပခဲ့တာပါ။ အေမရိကန္၊ ၿဗိတိန္၊ ျပင္သစ္၊ အီတလီနဲ႔ ကေနဒါ ႏိုင္ငံေတြလည္းပါတဲ့ G7 စက္မႈထိပ္သီး ၇ ႏိုင္ငံ ဥကၠ႒တာဝန္ကို ဂ်ာမနီက ဒီႏွစ္အတြက္ ဂ်ပန္ကို လႊဲေပးခဲ့အၿပီးမွာပဲ အခုလို ႏွစ္ႏိုင္ငံ ထိပ္သီးေဆြးေႏြးပြဲ က်င္းပတာလည္း ျဖစ္ပါတယ္။
===== Unicode =====
ကမ္ဘာ့ဈေးကွက်အခြေအနေကို အနီးကပ်စောင့်ကြည့်ပြီး လိုအပ်တဲ့ ထိန်းညှိဆောင်ရွက်မှုတွေ လုပ်သွားဖို့ ဂျပန်နဲ့ ဂျာမနီ နှစ်နိုင်ငံ ဒီကနေ့ သဘောတူလိုက်ကြပါတယ်။ အမေရိကန်အပါအဝင် အနောက်နိုင်ငံဘဏ်တချို့မှာ ငွေကြေးပြဿနာတွေ ကြုံနေရချိန်မှာ၊ ဂျာမနီဝန်ကြီးချုပ် Olaf Scholz နဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida တို့ ဒီကနေ့ တိုကျိုမြို့တော်မှာ တွေ့ဆုံချိန် သဘောတူညီမှု ရယူလိုက်တာပါ။
ဂျာမဏီဝန်ကြီးချုပ် Scholz ဦးဆောင်ပြီး ဂျာမနီ ဘဏ္ဍာရေးဝန်ကြီးအပါအဝင် ဝန်ကြီး ၆ ဦး ဂျပန်နိုင်ငံကို ရောက်ရှိတာဖြစ်ပြီး၊ ဒီကနေ့ နှစ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးတွေအကြား ၄၅ မိနစ်ကြာ ဆွေးနွေးခဲ့ကြပြီးတဲ့နောက် ဒီရလဒ်တွေ ရခဲ့တာလည်း ဖြစ်ပါတယ်။ ဒီကနေ့ ဂျပန်ဝန်ကြီးချုပ်ရုံးမှာ ကျင်းပတဲ့ ၂ နိုင်ငံ ထိပ်သီး ဆွေးနွေးပွဲမှာတော့ ဂျပန်နဲ့ ဂျာမနီ စီးပွားရေးနဲ့ ကာကွယ်ရေးကိစ္စတွေ ပို နီးနီးကပ်ကပ် လုပ်ဆောင်ဖို့ ရည်မှန်းထားတယ်လို့ ဂျာမနီ အရာရှိတွေက ပြောထားပါတယ်။
နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး နှစ်ဦးလည်း ဒီကနေ့ တွေ့ဆုံခဲ့ကြပြီး အင်ဒို-ပစိဖိတ်ဒေသ လုံခြုံရေးကိစ္စတွေ ဆွေနွေးမယ့်အကြောင်း ၂ နိုင်ငံ အရာရှိတွေက ပြောပါတယ်။ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကိစ္စတွေ ဆွေးနွေးဖို့ မျှော်လင့်ကြောင်းကို ဂျာမနီ ဝန်ကြီးချုပ်ကလည်း အစည်းအဝေးမတိုင်ခင် ပြောဆိုထားပါတယ်။
ဂျာမနီအနေနဲ့ အရင်က အခုလို ကဏ္ဍပေါင်းစုံဝန်ကြီးတွေပါတဲ့ ထိပ်သီးပွဲတွေကို တရုတ်နဲ့ ပြင်သစ် နိုင်ငံတွေနဲ့ လုပ်ခဲ့ပေမဲ့၊ ဂျပန်နဲ့ကတော့ ပထမဆုံး အကျယ်တဝံ့ ကျင်းပခဲ့တာပါ။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီနဲ့ ကနေဒါ နိုင်ငံတွေလည်းပါတဲ့ G7 စက်မှုထိပ်သီး ၇ နိုင်ငံ ဥက္ကဋ္ဌတာဝန်ကို ဂျာမနီက ဒီနှစ်အတွက် ဂျပန်ကို လွှဲပေးခဲ့အပြီးမှာပဲ အခုလို နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ ကျင်းပတာလည်း ဖြစ်ပါတယ်။