သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယား လက်နက်မဲ့ ကမ္ဘာဖြစ်ရေး ဂျပန်ဆော်သြမည်


ဂျပန်ဝန်ကြီးချုပ် Shinzo Abe က နျူကလီးယား လက်နက်ကင်းတဲ့ ကမ္ဘာကြီးဖြစ်ဖို့ သူ့အနေနဲ့ ကြိုးပမ်းသွားမယ့်အကြောင်း ကတိပြုလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ငြိမ်းချမ်းရေးပန်းခြံမှာ ကျင်းပခဲ့တဲ့ Hiroshima မြို့ အနုမြူဗုံးသင့်ခဲ့တဲ့ ၆၉ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ အခုလို ပြောဆိုလိုက်တာပါ။ ဂျပန်ဟာ အနုမြူဗုံးဒဏ်ခံခဲ့ရတဲ့ တခုတည်းသော နိုင်ငံဖြစ်ကြောင်းကိုလည်း ဝန်ကြီးချုပ် Abe က ထောက်ပြခဲ့ပါတယ်။

နျူကလီးယား လက်နက်ပပျောက်ရေး ရည်ရွယ်ချက်တွေကို လိုက်နာဆောင်ရွက်နေစဉ်မှာပဲ ဒီလို နျူကလီးယား လက်နက်ကြောင့် အစုလိုက်အပြုံလိုက် သေကျေမှုတွေ ထပ်မဖြစ်အောင် နျူကလီးယား လက်နက်တွေ ဖျက်သိမ်းဖို့၊ ထာဝရ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးဖြစ်ဖို့၊ သူ့အနေနဲ့ အပြင်းအထန် ကြိုးပမ်းသွားမယ့်အကြောင်း ဝန်ကြီးချုပ် Abe က ကတိပြု ပြောဆိုခဲ့ပါတယ်။

ဗုံးဒဏ်ကနေ အသက်ရှင် ကျန်ရစ်သူတွေ အပါအဝင် လူပေါင်း ၄ သောင်းခွဲလောက် ဒီအခမ်းအနားကို တက်ရောက်ပြီး အမေရိကန် B-29 ဗုံးကျဲလေယာဉ်ကနေ Hiroshima အပေါ် ဗုံးကျဲချတဲ့အချိန် မနက် ၈ နာရီ ၁၅ မိနစ်မှာ တမိနစ် ငြိမ်သက်ပြီး ဂါရဝပြုခဲ့ပါတယ်။ ၁၉၄၅ ခုနှစ် နှစ်ကုန်အထိ ဗုံးဒဏ်ကြောင့် ခန့်မှန်းချေ သေဆုံးသူ ၁ သိန်း ၄ သောင်း ရှိခဲ့ပြီး နောက်ထပ် ၇ သောင်းလောက်ဟာလည်း Hiroshima အပြီး ၃ ရက်အကြာ Nagasaki မြို့အပေါ် ဗုံးကျဲချစဉ်မှာ သေဆုံးခဲ့ပါတယ်။

XS
SM
MD
LG