Zawgyi/Unicode
ဂ်ပန္ အစိုးရဝန္ႀကီးခ်ဳပ္အျဖစ္ Fumio Kishida က တရားဝင္ ရာထူးလက္ခံလိုက္ၿပီ ျဖစ္ပါတယ္။ သူ႔အစိုးရအဖြဲ႔မွာ ယခင္ ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘးရဲ႕မဟာမိတ္ေတြ အမ်ားႀကီး ပါဝင္ၾကပါတယ္။ ဒါေၾကာင့္ ရွင္ဇိုအာေဘး အေျခခံခဲ့တဲ့ ေရွး႐ိုးစြဲ ႏိုင္ငံေရး ဩဇာဟာ အစိုးရအသစ္မွာ ဆက္လက္ ဩဇာေညာင္းေနမွာ ျဖစ္ပါတယ္။ အစိုးရအဖြဲ႔မွာ အမ်ိဳးသမီး ဝန္ႀကီး ၃ ဦး ပါရွိပါတယ္။
အသက္ ၆၄ ႏွစ္ ရွိၿပီျဖစ္တဲ့ ဝန္ႀကီးခ်ဳပ္ကီရွီဒါ က ယခင္က ႏိုင္ငံျခားေရးဝန္ႀကီး တာဝန္ထမ္းေဆာင္ခဲ့ဖူးသူပါ။႐ိုး႐ိုးကုပ္ကုပ္နဲ႔ အမ်ား သေဘာတူလာေအာင္ ေဆာင္႐ြက္တတ္သူအျဖစ္ သိၾကပါတယ္။ အျခား ၿပိဳင္ဘက္ ၃ ေယာက္ ကို အရင္အပတ္က အႏိုင္ယူခဲ့ၿပီး လႊတ္ေတာ္အတြင္း အမ်ားစု ေနရာရထားတဲ့ လစ္ဘရယ္ ဒီမိုကရက္တစ္ပါတီကို ဦးေဆာင္ႏိုင္ခြင့္ ရရွိခဲ့ပါတယ္။ ေအာက္တိုဘာ ၃၁ ရက္ေန႔ မွာ က်င္းပမယ့္ အေထြေထြ ေ႐ြးေကာက္ပြဲမွာလည္း ပါတီကို ဦးေဆာင္ရမွာပါ။ အစိုးရအဖြဲ႔ အတြင္းေရးမႉးခ်ဳပ္အျဖစ္ ေဆာင္႐ြက္မယ့္သူကေတာ့ ယခင္ အာေဘးအစိုးရ အဖြဲ႔မွာ ပညာေရးဝန္ႀကီးလုပ္ခဲ့တဲ့ Hirokazu Matsuno ျဖစ္ပါတယ္။
သိမ္သိမ္ေမြ႔ေမြ႔ ေျပာတတ္တဲ့ ကီရွိဒါဟာ ပါတီ ေခါင္းေဆာင္ေနရာအတြက္ မဲဆြယ္ခဲ့ရာမွာ လက်ာ္ဘက္ကို ယိမ္းလာခဲ့တယ္လို႔ ဆိုၾကေပမဲ့ ႏိုင္ငံျခားေရး မူဝါဒအသစ္မွာေတာ့ တ႐ုတ္အေပၚ ခိုင္ခိုင္မာမာရပ္တည္ခဲ့တဲ့ အာေဘးရဲ႕ အယူအဆေတြကို အေျခခံအားျဖင့္ ဆက္လက္ ယူထားလိမ့္မယ္လို႔ သုံးသပ္သူေတြက ေျပာပါတယ္။
======
Unicode
Fumio Kishida ဂျပန်ဝန်ကြီးချုပ်သစ်ရာထူး တရားဝင်လက်ခံ
ဂျပန် အစိုးရဝန်ကြီးချုပ်အဖြစ် Fumio Kishida က တရားဝင် ရာထူးလက်ခံလိုက်ပြီ ဖြစ်ပါတယ်။ သူ့အစိုးရအဖွဲ့မှာ ယခင် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့မဟာမိတ်တွေ အများကြီး ပါဝင်ကြပါတယ်။ ဒါကြောင့် ရှင်ဇိုအာဘေး အခြေခံခဲ့တဲ့ ရှေးရိုးစွဲ နိုင်ငံရေး ဩဇာဟာ အစိုးရအသစ်မှာ ဆက်လက် ဩဇာညောင်းနေမှာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့မှာ အမျိုးသမီး ဝန်ကြီး ၃ ဦး ပါရှိပါတယ်။
အသက် ၆၄ နှစ် ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ်ကီရှီဒါ က ယခင်က နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့ဖူးသူပါ။ရိုးရိုးကုပ်ကုပ်နဲ့ အများ သဘောတူလာအောင် ဆောင်ရွက်တတ်သူအဖြစ် သိကြပါတယ်။ အခြား ပြိုင်ဘက် ၃ ယောက် ကို အရင်အပတ်က အနိုင်ယူခဲ့ပြီး လွှတ်တော်အတွင်း အများစု နေရာရထားတဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီကို ဦးဆောင်နိုင်ခွင့် ရရှိခဲ့ပါတယ်။ အောက်တိုဘာ ၃၁ ရက်နေ့ မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာလည်း ပါတီကို ဦးဆောင်ရမှာပါ။ အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ်အဖြစ် ဆောင်ရွက်မယ့်သူကတော့ ယခင် အာဘေးအစိုးရ အဖွဲ့မှာ ပညာရေးဝန်ကြီးလုပ်ခဲ့တဲ့ Hirokazu Matsuno ဖြစ်ပါတယ်။
သိမ်သိမ်မွေ့မွေ့ ပြောတတ်တဲ့ ကီရှိဒါဟာ ပါတီ ခေါင်းဆောင်နေရာအတွက် မဲဆွယ်ခဲ့ရာမှာ လကျာ်ဘက်ကို ယိမ်းလာခဲ့တယ်လို့ ဆိုကြပေမဲ့ နိုင်ငံခြားရေး မူဝါဒအသစ်မှာတော့ တရုတ်အပေါ် ခိုင်ခိုင်မာမာရပ်တည်ခဲ့တဲ့ အာဘေးရဲ့ အယူအဆတွေကို အခြေခံအားဖြင့် ဆက်လက် ယူထားလိမ့်မယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။
#JapanPolitics #FumioKishida #VOABurmese