သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပစိဖိတ္သမုဒၵရာကို ရြက္ေလွနဲ႔ တကိုယ္ေတာ္ျဖတ္သန္းခဲ႔တဲ႔ ဂ်ပန္အဖိုးအို


ပစိဖိတ္သမုဒၵရာကို ရြက္ေလွနဲ႔ တကိုယ္ေတာ္ျဖတ္သန္းခဲ႔တဲ႔ ဂ်ပန္အဖိုးအို

အသက္ ၈၃ ႏွစ္ရွိၿပီျဖစ္တဲ့ ဂ်ပန္အမ်ိဳးသား Kenichi Horie ဟာ ပစိဖိတ္ သမုဒၵရာကို ရြက္ေလွကေလးတစင္းနဲ႔ တဦးထဲ မနားတမ္း ျဖတ္ကူးတဲ့ အသက္အႀကီးဆံုး ပုဂၢိဳလ္အျဖစ္ စံခ်ိန္တင္ခဲ့ၿပီး သူ႔ကိုယ္သူ အခုထိ ပ်ိဳျမစ္ငယ္ရြယ္ေနဆဲပဲလို႔လည္း ေႂကြးေက်ာ္ခဲ့ပါတယ္။ 

ပစိဖိတ္သမုဒၵရာကို ရြက္ေလွနဲ႔ တကိုယ္ေတာ္ျဖတ္သန္းခဲ႔တဲ႔ ဂ်ပန္အဖိုးအို

{{Zawgyi/Unicode}}
အသက္ ၈၃ ႏွစ္ရွိၿပီျဖစ္တဲ့ ဂ်ပန္အမ်ိဳးသား Kenichi Horie ဟာ ပစိဖိတ္ သမုဒၵရာကို ရြက္ေလွကေလးတစင္းနဲ႔ တဦးထဲ မနားတမ္း ျဖတ္ကူးတဲ့ အသက္အႀကီးဆံုး ပုဂၢိဳလ္အျဖစ္ စံခ်ိန္တင္ခဲ့ၿပီး သူ႔ကိုယ္သူ အခုထိ ပ်ိဳျမစ္ငယ္ရြယ္ေနဆဲပဲလို႔လည္း ေႂကြးေက်ာ္ခဲ့ပါတယ္။

အေမရိကန္ျပည္ေထာင္စု ဆန္ဖရန္စစၥကို ေလွဆိပ္ကေန မတ္လကုန္ေလာက္မွာ ရြက္ေလွတစင္းနဲ႔ ထြက္လာတဲ့ Horie ဟာ ပစိဖိတ္ သမုဒၵရာကို ၆၉ ရက္ၾကာ တဦးထည္း ျဖတ္သန္းခဲ့တဲ့ေနာက္ ဇြန္လ ၅ ရက္ စေနေန႔ အေစာပိုင္း မွာေတာ့ ဂ်ပန္ အေနာက္ဖက္ ကမ္း႐ိုးတန္းက Kii ေရလက္ၾကားကို ျဖတ္ၿပီး ဌာေနျပန္ေရာက္လာတာ ျဖစ္ပါတယ္။

တနဂၤေႏြေန႔ မွာေတာ့ သူ႔ေမြးဇာတိ Shin Nishinomiya ဆိပ္ကမ္းၿမိဳ႕ကို သူ႔ရဲ႕ အရွည္ ၅.၆ မီတာနဲ႔ အေလးခ်ိန္ ကီလိုဂရမ္ ၉၉၀ ရွိတဲ့ Suntory Mermaid III ရြက္ေလွနဲ႔ ေရာက္လာတဲ့ Horie ကို ေဒသခံေတြ၊ သူ႔ကို ပံ့ပိုးသူေတြက ဝိုင္းဝန္းႀကိဳဆိုခဲ့တာပါ။

သူ႔ရဲ႕ ၂ လၾကာ ပင္လယ္ျပင္ ခရီးအတြင္း ဆန္ဖရန္စစၥကို ကေန သယ္လာတဲ့ ေဆးေတြထဲက မ်က္စဥ္းနဲ႔ အနာကပ္ ပလာစတာကိုပဲ သံုးခဲ့ရေၾကာင္းနဲ႔ သူဟာ လူငယ္ေလးတဦးလို က်န္းမာဆဲပဲ လို႔ေျပာပါတယ္။

သူဟာ ၁၉၆၂ ခုႏွစ္တုန္းက ဂ်ပန္ကေန ဆန္ဖရန္စစၥကို ၿမိဳ႕ကို ရြက္ေလွနဲ႔ ပထမဆံုး တဦးထည္း ေအာင္ျမင္စြာျဖတ္သန္းခဲ့သူ ျဖစ္ၿပီး အခု အႏွစ္ ၆၀ အၾကာမွာ ဆန္ဖရန္စစၥကိုကေန ဂ်ပန္ကို ပစိဖိတ္သမုဒၵရာကေန ျဖတ္ကူးခဲ့တာ ျဖစ္ပါတယ္။ သူဟာ ၁၉၇၄ မွာ ရြက္လႊင့္ၿပီး ကမာၻပတ္ခဲ့သူလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.................................................

ပစိဖိတ်သမုဒ္ဒရာကို ရွက်လှေနဲ့ တကိုယ်တော်ဖြတ်သန်းခဲ့တဲ့ ဂျပန်အဖိုးအို

{{Zawgyi/Unicode}}
အသက် ၈၃ နှစ်ရှိပြီဖြစ်တဲ့ ဂျပန်အမျိုးသား Kenichi Horie ဟာ ပစိဖိတ် သမုဒ္ဒရာကို ရွက်လှေကလေးတစင်းနဲ့ တဦးထဲ မနားတမ်း ဖြတ်ကူးတဲ့ အသက်အကြီးဆုံး ပုဂ္ဂိုလ်အဖြစ် စံချိန်တင်ခဲ့ပြီး သူ့ကိုယ်သူ အခုထိ ပျိုမြစ်ငယ်ရွယ်နေဆဲပဲလို့လည်း ကြွေးကျော်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကို လှေဆိပ်ကနေ မတ်လကုန်လောက်မှာ ရွက်လှေတစင်းနဲ့ ထွက်လာတဲ့ Horie ဟာ ပစိဖိတ် သမုဒ္ဒရာကို ၆၉ ရက်ကြာ တဦးထည်း ဖြတ်သန်းခဲ့တဲ့နောက် ဇွန်လ ၅ ရက် စနေနေ့ အစောပိုင်း မှာတော့ ဂျပန် အနောက်ဖက် ကမ်းရိုးတန်းက Kii ရေလက်ကြားကို ဖြတ်ပြီး ဌာနေပြန်ရောက်လာတာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ မှာတော့ သူ့မွေးဇာတိ Shin Nishinomiya ဆိပ်ကမ်းမြို့ကို သူ့ရဲ့ အရှည် ၅.၆ မီတာနဲ့ အလေးချိန် ကီလိုဂရမ် ၉၉၀ ရှိတဲ့ Suntory Mermaid III ရွက်လှေနဲ့ ရောက်လာတဲ့ Horie ကို ဒေသခံတွေ၊ သူ့ကို ပံ့ပိုးသူတွေက ဝိုင်းဝန်းကြိုဆိုခဲ့တာပါ။

သူ့ရဲ့ ၂ လကြာ ပင်လယ်ပြင် ခရီးအတွင်း ဆန်ဖရန်စစ္စကို ကနေ သယ်လာတဲ့ ဆေးတွေထဲက မျက်စဉ်းနဲ့ အနာကပ် ပလာစတာကိုပဲ သုံးခဲ့ရကြောင်းနဲ့ သူဟာ လူငယ်လေးတဦးလို ကျန်းမာဆဲပဲ လို့ပြောပါတယ်။

သူဟာ ၁၉၆၂ ခုနှစ်တုန်းက ဂျပန်ကနေ ဆန်ဖရန်စစ္စကို မြို့ကို ရွက်လှေနဲ့ ပထမဆုံး တဦးထည်း အောင်မြင်စွာဖြတ်သန်းခဲ့သူ ဖြစ်ပြီး အခု အနှစ် ၆၀ အကြာမှာ ဆန်ဖရန်စစ္စကိုကနေ ဂျပန်ကို ပစိဖိတ်သမုဒ္ဒရာကနေ ဖြတ်ကူးခဲ့တာ ဖြစ်ပါတယ်။ သူဟာ ၁၉၇၄ မှာ ရွက်လွှင့်ပြီး ကမ္ဘာပတ်ခဲ့သူလည်း ဖြစ်ပါတယ်။

XS
SM
MD
LG