သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ပန္အစိုးရရပ္တည္မႈ ဂ်ပန္ေရာက္ျမန္မာေတြေဝဖန္


Japan-Myanmar Association ဥကၠ႒ Hideo Watanabe

[[Zawgyi/Unicode]]

အာဏာသိမ္းျမန္မာစစ္တပ္ဟာ ကုလအပါအဝင္ ႏိုင္ငံတကာနဲ႔အာဆီယံႏိုင္ငံေတြရဲ႕ ဖိအားေပးမႈကို လ်စ္လ်ဴျပဳၿပီး အၾကမ္းဖက္လုပ္ရပ္ေတြ ဆက္လုပ္ေနခ်ိန္မွာ ဂ်ပန္ႏိုင္ငံကေတာ့ ျမန္မာစစ္ေကာင္စီနဲ ေျပလည္တဲ့ ဆက္ဆံေရးရွိေနတယ္လို႔ ဂ်ပန္ေရာက္ ျမန္မာလူမႈအသိုက္အဝန္းက ေဝဖန္လိုက္ပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကို ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။

ဂ်ပန္အစိုးရရဲ႕ ေက်ာေထာက္ေနာက္ခံရွိတဲ့ Japan Myanmar Association ရဲ႕ ဥကၠ႒ Mr. Hideo Watanabe ဟာ ျမန္မာ စစ္ေခါင္းေဆာင္ေဟာင္းေတြနဲ႔ နီးကပ္တဲ့ ဆက္ဆံေရးရွိခဲ့သလို အခုအာဏာသိမ္းထားတဲ့ စစ္ေကာင္စီနဲ႔လည္း ေကာင္းမြန္တဲ့ဆက္ဆံေရး ရွိေနတယ္လို႔ ဂ်ပန္ေရာက္ ျမန္မာအသိုင္းအဝန္းက ေျပာလိုက္တာပါ။ ျမန္မာစစ္တပ္က အာဏာသိမ္းယူမႈဟာ ဥပေဒနဲ႔ညီၫြတ္တယ္လို႔ Mr.Watanabe က အစည္းအေဝးတခုမွာ ေျပာဆိုခဲ့တာကို ႐ိုက္တာသတင္းက ေရးသားလိုက္ၿပီးေနာက္ ဂ်ပန္အစိုးရရဲ႕ရပ္တည္မႈအေပၚ ျမန္မာ့ဒီမိုကေရစီလႈပ္ရွားသူေတြက ေမးခြန္းထုတ္ခဲ့ၾကပါတယ္။ Mr.Watanabe ဟာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ျမန္မာစစ္ေခါင္းေဆာင္ေတြနဲ႔ သြားေရာက္ေတြ႔ဆုံခဲ့သလို နိပြန္ေဖာင္ေဒးရွင္းဥကၠ႒ မစၥတာဆာဆာကာဝါဟာလည္း ျမန္မာႏိုင္ငံကို သြားေရာက္ၿပီး ျမန္မာစစ္ေခါင္းေဆာင္ေတြနဲ႔ ေတြ႔ဆုံခဲ့ပါတယ္။ မစၥတာ ဆာဆာကာဝါကို ျမန္မာႏိုင္ငံအမ်ိဳးသားရင္ၾကားေစ့ေရးဆိုင္ရာ ဂ်ပန္အထူးကိုယ္စားလွယ္ဆိုၿပီး စစ္ေကာင္စီသတင္းမီဒီယာေတြမွာ ေရးသားေပမယ့္လည္း ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးကေတာ့ သူ႔ခရီးစဥ္ဟာ ဂ်ပန္အစိုးရကို ကိုယ္စားမျပဳဘူးလို႔ ျငင္းခ်က္ထုတ္ထားပါတယ္။ ျမန္မာႏိုင္ငံသားမ်ားအသင္း (ဂ်ပန္) ရဲ႕ ဥကၠ႒ ဦးသန္းေဆြကေတာ့ ဂ်ပန္အစိုးရရဲ႕ ေနာက္ကြယ္မွာ ျမန္မာစစ္အုပ္စုနဲ႔နီးစပ္တဲ့ ဂ်ပန္စီးပြားေရးသမားေတြရွိေနတယ္လို႔ ေဝဖန္ပါတယ္။

“ဂ်ပန္အစိုးရရဲ႕ ေနာက္ကြယ္မွာေပါ့ေလ ဗမာႏိုင္ငံမွာ ရင္းႏွီးျမႇဳပ္ႏွံထားတဲ့ ဂ်ပန္စီးပြားေရးအုပ္စုေတြ ေတာ္ေတာ္မ်ားမ်ားရွိတယ္၊ ဥပမာ ဂ်ပန္ျမန္မာခ်စ္ၾကည္ေရးအသင္း ဥကၠ႒ Watanabeဆိုရင္ အရင္တုန္းက အစိုးရအဖြဲ႔ရဲ႕ ဝန္ႀကီးေဟာင္းလည္း ျဖစ္ခဲ့တယ္ေပါ့ေလ၊ ေနာက္တခုက ပထမ ၈၈ အာဏာသိမ္းခ်ိန္မွာကတည္းကိုကဂ်ပန္ စီးပြားေရးအုပ္စုက စစ္အုပ္စုနဲ႔ နီးစပ္ဆက္ႏြယ္မႈ ရွိတယ္ေပါ့။ အထူးသျဖင့္ ဒီ Watanabe က သူ႔အေနနဲ႔ စစ္အစိုးရဘက္ကို ေလာ္ဘီလုပ္ေပးတဲ့အတြက္ေၾကာင့္မို႔ စစ္အုပ္စုကေနၿပီးေတာ့ ႀကီးမားတဲ့စီးပြားေရး အခြင့္အလမ္းေတြ ျပန္ရတဲ့အခါက်ေတာ့ ဒီတႀကိမ္မွာလည္း သူက ဒီပုံစံအတိုင္းကိုပဲ သြားခ်င္တယ္။”

ဂ်ပန္အစိုးရအေနနဲ႔ Y Complex ေစ်းဝယ္စင္တာနဲ႔ အိမ္ယာစီမံကိန္းအပါအဝင္ ဂ်ပန္ႏိုင္ငံရဲ႕ တျခားရင္းႏွီးျမႇဳပ္ႏွံမႈ၊ ေျမယာငွားရမ္းမႈေတြကေန စစ္ေကာင္စီက ေဒၚလာသန္းခ်ီၿပီး ရေနတယ္လို႔ Justice for Myanmar ကလည္း မေန႔က ထုတ္ျပန္ထားပါတယ္။Y Complex ကို ဂ်ပန္ႏိုင္ငံသားေတြ ထည့္ဝင္ထားတဲ့ ရင္းႏွီးေငြေတြနဲ႔ Mr. Watanabe တို႔က အေကာင္အထည္ေဖာ္ဖို႔ ႀကိဳးစားေနသလို ငါးႏွစ္အတြင္း ျမန္မာျပည္မွာ ရင္းႏွီးျမႇဳပ္ႏွံခဲ့တာေတြ အတြက္လည္း ဂ်ပန္အစိုးရက အကာကြယ္ေပးခ်င္တာ ျဖစ္ႏိုင္တယ္လို႔ ဦးသန္းေဆြက ယူဆပါတယ္။

“တကယ့္ႀကီးႀကီးမားမား ကုမၸဏီေတြကေတာ့ ျမန္မာႏိုင္ငံရဲ႕ လူ႔အခြင့္အေရးကိစၥေတြနဲ႔ ပတ္သက္ၿပီးေတာ့ လက္ေရွာင္ခ်င္တာ မွန္ေသာ္ျငားလည္း ဝါတာနာေဘးတို႔ အုပ္စုကေတာ့ ဘယ္သူဘာေျပာေျပာ စစ္အစိုးရနဲ႔ အေပးအယူလုပ္မယ္ဆိုရင္ ေရရွည္မွာဆက္သြားရမယ့္ လုပ္ငန္းအတြက္ကို အေထာက္အကူျဖစ္ႏိုင္တယ္လို႔ သူတို႔ ထင္တဲ့အခါက်ေတာ့ ဂ်ပန္အစိုးရက စစ္အုပ္စုကို ပြင့္ပြင့္လင္းလင္းလည္း မေဝဖန္ ဘူး၊ ေထာက္ခံတာလည္း မလုပ္ဘဲနဲ႔ ေနာက္ကြယ္ကေန လိုအပ္တဲ့အေပးအယူ လုပ္ၿပီးေတာ့မွ ကစားေနတယ္လို႔ က်ေနာ္တို႔က ျမင္ပါတယ္။”

ဂ်ပန္ဝန္ႀကီးခ်ဳပ္အသစ္ဟာ ျမန္မာ့အေရးအေပၚမွာ ေလးေလးနက္နက္ မရွိႏိုင္ဘူးလို႔ ဂ်ပန္ေရာက္ျမန္မာေတြက သူတို႔အျမင္ကို ေျပာပါတယ္။

ျမန္မာ့အေရးကို ပံ့ပိုးေပးေနတဲ့ ဂ်ပန္လႊတ္ေတာ္ အမတ္တခ်ိဳ႕ကေတာ့ ၾကားကာလအစိုးရ NUGနဲ႔ အြန္လိုင္းကေန ေလးႀကိမ္ေတြ႔ဆုံထားပါတယ္။ ဂ်န္ပန္အစိုးရက NUG ကို တရားဝင္အသိအမွတ္ျပဳဖို႔၊ ဂ်ပန္ႏိုင္ငံဆိုင္ရာ NUG ႐ုံးခန္းဖြင့္ၿပီး ကိုယ္စားလွယ္ခန႔္ထားဖို႔၊ လူသားခ်င္းဆိုင္ရာ အေထာက္အပံ့ႏိုင္ဖို႔ သူတို႔ေဆြးေႏြးခဲ့ၾကတာပါ။ ဒါေပမဲ့လည္း ဂ်ပန္လႊတ္ေတာ္ထဲမွာ လက္ရွိအာဏာရ LDP ပါတီအမတ္အမ်ားစုနဲ႔ လႊမ္းမိုးထားတာျဖစ္လို႔ ထင္သေလာက္ေတာ့ ခရီးမေပါက္ႏိုင္ေၾကာင္း ဂ်ပန္ေရာက္ျမန္မာေတြက ေျပာပါတယ္။

ဒါ့အျပင္ ဂ်ပန္လႊတ္ေတာ္ထဲ အတိုက္အခံပါတီကအမတ္ေတြနဲ႔ လက္ရွိအာဏာရပါတီက အမတ္ေတြအားလုံး တခဲနက္သေဘာတူညီထားတဲ့ ျမန္မာ့အေရး ဆုံးျဖတ္ ခ်က္တခ်ိဳ႕ကို ဂ်ပန္အစိုးရက လ်စ္လ်ဴရႈေနတယ္ဆိုၿပီးေတာ့လည္း ျမန္မာအသိုင္းအဝိုင္းက ဂ်ပန္အစိုးရကို စိတ္ပ်က္ေနၾကပါတယ္။ ျမန္မာအဖြဲ႕အစည္း ၃၀ ေက်ာ္စုေပါင္းထားတဲ့ ဂ်ပန္- ျမန္မာ အကူအညီေပးေရးကြန္ရက္က ကိုမ်ိဳးမင္းေဆြက သူ႔အျမင္ကို အခုလိုေျပာပါတယ္။

“အထက္လႊတ္ေတာ္မွာေရာ ေအာက္လႊတ္ေတာ္မွာေရာ ကန႔္ကြက္သူမရွိ တခဲနက္အဆိုျပဳထားတဲ့ အခ်က္ငါးခ်က္ ေတာင္းဆိုထားပါတယ္။ အဲဒီအထဲက အခ်က္အလက္ေတြကို အခုအခ်ိန္အထိ ဂ်ပန္အစိုးရက အေကာင္အထည္ ေဖာ္ေပးျခင္းမရွိပါဘူး။ အလြယ္တကူ အေကာင္အထည္ ေဖာ္ေပးလို႔ရတဲ့ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီတခုကိုပဲ သူတို႔နည္းနည္းပါးပါး ေဖာ္ေပးၿပီးေတာ့ ဒါကလည္း ေျပာရရင္ စစ္တပ္စီကပဲ စီးဆင္းတဲ့ပုံစံ ျဖစ္ေနလို႔ က်ေနာ္တို႔ျပည္သူဆီေရာက္တာက ၂၀ ရာခိုင္ႏႈန္းမရွိဘူး။ အဲဒါေၾကာင့္မို႔ က်ေနာ္တို႔လည္း လႊတ္ေတာ္ထဲမွာေရာ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ေတြ႔တဲ့အခ်ိန္မွာလည္း အၿမဲတမ္း ေမးခြန္းထုတ္ခဲ့တယ္။ ျမန္မာျပည္သူဆီ မေရာက္ဘူးဆိုရင္ ဒါက ျမန္မာျပည္သူကို ကူညီေထာက္ပံ့တာ မဟုတ္ဘူး၊ အၾကမ္းဖက္စစ္တပ္ကို ကူညီေထာက္ပံ့တာလို႔ ဂ်ပန္အစိုးရကို ကန႔္ကြက္ေျပာဆိုခဲ့တယ္။ အဲဒီအတြက္လည္း သူတို႔မ်က္ႏွာေတြ အႀကီးအက်ယ္ ပ်က္ခဲ့တယ္ေပါ့ေနာ္။ ဂ်ပန္အစိုးရအေနနဲ႔ သူတို႔မွာ ျမန္မာျပည္နဲ႔ပတ္သက္ၿပီး သူတို႔အေနနဲ႔ သိပ္ၿပီးစိတ္ ဆႏၵ မရွိဘူးဆိုတာကို ေပၚလြင္တယ္ေပါ့ေနာ္။”

ဂ်ပန္အစိုးရက မစၥတာဝါတာနာေဘးတို႔ မစၥတာ ဆာဆာကာဝါဆီကရတဲ့ အခ်က္အလက္ေတြအေပၚမွာ ဆုံးျဖတ္ၿပီးေတာ့ ျမန္မာ့ႏိုင္ငံေရးအေပၚမွာ ထဲထဲဝင္ဝင္ ပါဝင္လိုစိတ္မရွိတာလို႔လည္း ယူဆမႈေတြရွိပါတယ္။

ျမန္မာ့စီးပြားေရး ဦးပိုင္ကုမၸဏီMEHL နဲ႔ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္ MEC တို႔နဲ႔ ပူးေပါင္းရင္းႏွီးျမႇဳပ္ႏွံထားတဲ့ ျပည္ပကုမၸဏီေတြထဲမွာ ဂ်ပန္နဲ႔ တ႐ုတ္ႏိုင္ငံက အစိုးရေနာက္ခံျပဳထားတဲ့ ကုမၸဏီႀကီးေတြ အမ်ားအျပားရွိေနတာပါ။ ဒါေပမဲ့ ဂ်ပန္အစိုးရကေတာ့ ျမန္မာနဲ႔တ႐ုတ္ သိပ္ၿပီးနီးကပ္သြားမွာကို ကာကြယ္ဖို႔ သူတို႔အေနနဲ႔ ျမန္မာစစ္တပ္ကို မလႊဲမေရွာင္သာ ဆက္ဆံေနရပါတယ္ဆိုတဲ့ ဆင္ေျခေပးေနေၾကာင္း ဂ်ပန္ေရာက္ ျမန္မာေတြက ေျပာပါတယ္။

ကုလအပါအဝင္ ႏိုင္ငံတကာအသိုင္းအဝန္းကေတာ့ ဖမ္းထားသူေတြလႊတ္ေပးဖို႔၊ အၾကမ္းဖက္မႈေတြ ရပ္ဖို႔၊ ညႇိဳႏႈိင္းေဆြးေႏြးမႈေတြလုပ္ဖို႔ဆိုတဲ့ အာဆီယံရဲ႕ ဘုံသေဘာတူညီခ်က္၅ခုကို စစ္ေကာင္စီအေနနဲ႔ အေကာင္အထည္ေဖာ္ေပးဖို႔ ဆက္ၿပီး ဖိအားေပးေနဆဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=========

[[Unicode]]

ဂျပန်အစိုးရရပ်တည်မှု ဂျပန်ရောက်မြန်မာတွေဝေဖန်

အာဏာသိမ်းမြန်မာစစ်တပ်ဟာ ကုလအပါအဝင် နိုင်ငံတကာနဲ့အာဆီယံနိုင်ငံတွေရဲ့ ဖိအားပေးမှုကို လျစ်လျူပြုပြီး အကြမ်းဖက်လုပ်ရပ်တွေ ဆက်လုပ်နေချိန်မှာ ဂျပန်နိုင်ငံကတော့ မြန်မာစစ်ကောင်စီနဲ ပြေလည်တဲ့ ဆက်ဆံရေးရှိနေတယ်လို့ ဂျပန်ရောက် မြန်မာလူမှုအသိုက်အဝန်းက ဝေဖန်လိုက်ပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဂျပန်အစိုးရရဲ့ ကျောထောက်နောက်ခံရှိတဲ့ Japan Myanmar Association ရဲ့ ဥက္ကဋ္ဌ Mr. Hideo Watanabe ဟာ မြန်မာ စစ်ခေါင်းဆောင်ဟောင်းတွေနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့သလို အခုအာဏာသိမ်းထားတဲ့ စစ်ကောင်စီနဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေး ရှိနေတယ်လို့ ဂျပန်ရောက် မြန်မာအသိုင်းအဝန်းက ပြောလိုက်တာပါ။ မြန်မာစစ်တပ်က အာဏာသိမ်းယူမှုဟာ ဥပဒေနဲ့ညီညွတ်တယ်လို့ Mr.Watanabe က အစည်းအဝေးတခုမှာ ပြောဆိုခဲ့တာကို ရိုက်တာသတင်းက ရေးသားလိုက်ပြီးနောက် ဂျပန်အစိုးရရဲ့ရပ်တည်မှုအပေါ် မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူတွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။ Mr.Watanabe ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာစစ်ခေါင်းဆောင်တွေနဲ့ သွားရောက်တွေ့ဆုံခဲ့သလို နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါဟာလည်း မြန်မာနိုင်ငံကို သွားရောက်ပြီး မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မစ္စတာ ဆာဆာကာဝါကို မြန်မာနိုင်ငံအမျိုးသားရင်ကြားစေ့ရေးဆိုင်ရာ ဂျပန်အထူးကိုယ်စားလှယ်ဆိုပြီး စစ်ကောင်စီသတင်းမီဒီယာတွေမှာ ရေးသားပေမယ့်လည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးကတော့ သူ့ခရီးစဉ်ဟာ ဂျပန်အစိုးရကို ကိုယ်စားမပြုဘူးလို့ ငြင်းချက်ထုတ်ထားပါတယ်။ မြန်မာနိုင်ငံသားများအသင်း (ဂျပန်) ရဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေကတော့ ဂျပန်အစိုးရရဲ့ နောက်ကွယ်မှာ မြန်မာစစ်အုပ်စုနဲ့နီးစပ်တဲ့ ဂျပန်စီးပွားရေးသမားတွေရှိနေတယ်လို့ ဝေဖန်ပါတယ်။

“ဂျပန်အစိုးရရဲ့ နောက်ကွယ်မှာပေါ့လေ ဗမာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ဂျပန်စီးပွားရေးအုပ်စုတွေ တော်တော်များများရှိတယ်၊ ဥပမာ ဂျပန်မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Watanabeဆိုရင် အရင်တုန်းက အစိုးရအဖွဲ့ရဲ့ ဝန်ကြီးဟောင်းလည်း ဖြစ်ခဲ့တယ်ပေါ့လေ၊ နောက်တခုက ပထမ ၈၈ အာဏာသိမ်းချိန်မှာကတည်းကိုကဂျပန် စီးပွားရေးအုပ်စုက စစ်အုပ်စုနဲ့ နီးစပ်ဆက်နွယ်မှု ရှိတယ်ပေါ့။ အထူးသဖြင့် ဒီ Watanabe က သူ့အနေနဲ့ စစ်အစိုးရဘက်ကို လော်ဘီလုပ်ပေးတဲ့အတွက်ကြောင့်မို့ စစ်အုပ်စုကနေပြီးတော့ ကြီးမားတဲ့စီးပွားရေး အခွင့်အလမ်းတွေ ပြန်ရတဲ့အခါကျတော့ ဒီတကြိမ်မှာလည်း သူက ဒီပုံစံအတိုင်းကိုပဲ သွားချင်တယ်။”

ဂျပန်အစိုးရအနေနဲ့ Y Complex ဈေးဝယ်စင်တာနဲ့ အိမ်ယာစီမံကိန်းအပါအဝင် ဂျပန်နိုင်ငံရဲ့ တခြားရင်းနှီးမြှုပ်နှံမှု၊ မြေယာငှားရမ်းမှုတွေကနေ စစ်ကောင်စီက ဒေါ်လာသန်းချီပြီး ရနေတယ်လို့ Justice for Myanmar ကလည်း မနေ့က ထုတ်ပြန်ထားပါတယ်။Y Complex ကို ဂျပန်နိုင်ငံသားတွေ ထည့်ဝင်ထားတဲ့ ရင်းနှီးငွေတွေနဲ့ Mr. Watanabe တို့က အကောင်အထည်ဖော်ဖို့ ကြိုးစားနေသလို ငါးနှစ်အတွင်း မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံခဲ့တာတွေ အတွက်လည်း ဂျပန်အစိုးရက အကာကွယ်ပေးချင်တာ ဖြစ်နိုင်တယ်လို့ ဦးသန်းဆွေက ယူဆပါတယ်။

“တကယ့်ကြီးကြီးမားမား ကုမ္ပဏီတွေကတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ လက်ရှောင်ချင်တာ မှန်သော်ငြားလည်း ဝါတာနာဘေးတို့ အုပ်စုကတော့ ဘယ်သူဘာပြောပြော စစ်အစိုးရနဲ့ အပေးအယူလုပ်မယ်ဆိုရင် ရေရှည်မှာဆက်သွားရမယ့် လုပ်ငန်းအတွက်ကို အထောက်အကူဖြစ်နိုင်တယ်လို့ သူတို့ ထင်တဲ့အခါကျတော့ ဂျပန်အစိုးရက စစ်အုပ်စုကို ပွင့်ပွင့်လင်းလင်းလည်း မဝေဖန် ဘူး၊ ထောက်ခံတာလည်း မလုပ်ဘဲနဲ့ နောက်ကွယ်ကနေ လိုအပ်တဲ့အပေးအယူ လုပ်ပြီးတော့မှ ကစားနေတယ်လို့ ကျနော်တို့က မြင်ပါတယ်။”

ဂျပန်ဝန်ကြီးချုပ်အသစ်ဟာ မြန်မာ့အရေးအပေါ်မှာ လေးလေးနက်နက် မရှိနိုင်ဘူးလို့ ဂျပန်ရောက်မြန်မာတွေက သူတို့အမြင်ကို ပြောပါတယ်။

မြန်မာ့အရေးကို ပံ့ပိုးပေးနေတဲ့ ဂျပန်လွှတ်တော် အမတ်တချို့ကတော့ ကြားကာလအစိုးရ NUGနဲ့ အွန်လိုင်းကနေ လေးကြိမ်တွေ့ဆုံထားပါတယ်။ ဂျန်ပန်အစိုးရက NUG ကို တရားဝင်အသိအမှတ်ပြုဖို့၊ ဂျပန်နိုင်ငံဆိုင်ရာ NUG ရုံးခန်းဖွင့်ပြီး ကိုယ်စားလှယ်ခန့်ထားဖို့၊ လူသားချင်းဆိုင်ရာ အထောက်အပံ့နိုင်ဖို့ သူတို့ဆွေးနွေးခဲ့ကြတာပါ။ ဒါပေမဲ့လည်း ဂျပန်လွှတ်တော်ထဲမှာ လက်ရှိအာဏာရ LDP ပါတီအမတ်အများစုနဲ့ လွှမ်းမိုးထားတာဖြစ်လို့ ထင်သလောက်တော့ ခရီးမပေါက်နိုင်ကြောင်း ဂျပန်ရောက်မြန်မာတွေက ပြောပါတယ်။

ဒါ့အပြင် ဂျပန်လွှတ်တော်ထဲ အတိုက်အခံပါတီကအမတ်တွေနဲ့ လက်ရှိအာဏာရပါတီက အမတ်တွေအားလုံး တခဲနက်သဘောတူညီထားတဲ့ မြန်မာ့အရေး ဆုံးဖြတ် ချက်တချို့ကို ဂျပန်အစိုးရက လျစ်လျူရှုနေတယ်ဆိုပြီးတော့လည်း မြန်မာအသိုင်းအဝိုင်းက ဂျပန်အစိုးရကို စိတ်ပျက်နေကြပါတယ်။ မြန်မာအဖွဲ့အစည်း ၃၀ ကျော်စုပေါင်းထားတဲ့ ဂျပန်- မြန်မာ အကူအညီပေးရေးကွန်ရက်က ကိုမျိုးမင်းဆွေက သူ့အမြင်ကို အခုလိုပြောပါတယ်။

“အထက်လွှတ်တော်မှာရော အောက်လွှတ်တော်မှာရော ကန့်ကွက်သူမရှိ တခဲနက်အဆိုပြုထားတဲ့ အချက်ငါးချက် တောင်းဆိုထားပါတယ်။ အဲဒီအထဲက အချက်အလက်တွေကို အခုအချိန်အထိ ဂျပန်အစိုးရက အကောင်အထည် ဖော်ပေးခြင်းမရှိပါဘူး။ အလွယ်တကူ အကောင်အထည် ဖော်ပေးလို့ရတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတခုကိုပဲ သူတို့နည်းနည်းပါးပါး ဖော်ပေးပြီးတော့ ဒါကလည်း ပြောရရင် စစ်တပ်စီကပဲ စီးဆင်းတဲ့ပုံစံ ဖြစ်နေလို့ ကျနော်တို့ပြည်သူဆီရောက်တာက ၂၀ ရာခိုင်နှုန်းမရှိဘူး။ အဲဒါကြောင့်မို့ ကျနော်တို့လည်း လွှတ်တော်ထဲမှာရော ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့တဲ့အချိန်မှာလည်း အမြဲတမ်း မေးခွန်းထုတ်ခဲ့တယ်။ မြန်မာပြည်သူဆီ မရောက်ဘူးဆိုရင် ဒါက မြန်မာပြည်သူကို ကူညီထောက်ပံ့တာ မဟုတ်ဘူး၊ အကြမ်းဖက်စစ်တပ်ကို ကူညီထောက်ပံ့တာလို့ ဂျပန်အစိုးရကို ကန့်ကွက်ပြောဆိုခဲ့တယ်။ အဲဒီအတွက်လည်း သူတို့မျက်နှာတွေ အကြီးအကျယ် ပျက်ခဲ့တယ်ပေါ့နော်။ ဂျပန်အစိုးရအနေနဲ့ သူတို့မှာ မြန်မာပြည်နဲ့ပတ်သက်ပြီး သူတို့အနေနဲ့ သိပ်ပြီးစိတ် ဆန္ဒ မရှိဘူးဆိုတာကို ပေါ်လွင်တယ်ပေါ့နော်။”

ဂျပန်အစိုးရက မစ္စတာဝါတာနာဘေးတို့ မစ္စတာ ဆာဆာကာဝါဆီကရတဲ့ အချက်အလက်တွေအပေါ်မှာ ဆုံးဖြတ်ပြီးတော့ မြန်မာ့နိုင်ငံရေးအပေါ်မှာ ထဲထဲဝင်ဝင် ပါဝင်လိုစိတ်မရှိတာလို့လည်း ယူဆမှုတွေရှိပါတယ်။

မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီMEHL နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင် MEC တို့နဲ့ ပူးပေါင်းရင်းနှီးမြှုပ်နှံထားတဲ့ ပြည်ပကုမ္ပဏီတွေထဲမှာ ဂျပန်နဲ့ တရုတ်နိုင်ငံက အစိုးရနောက်ခံပြုထားတဲ့ ကုမ္ပဏီကြီးတွေ အများအပြားရှိနေတာပါ။ ဒါပေမဲ့ ဂျပန်အစိုးရကတော့ မြန်မာနဲ့တရုတ် သိပ်ပြီးနီးကပ်သွားမှာကို ကာကွယ်ဖို့ သူတို့အနေနဲ့ မြန်မာစစ်တပ်ကို မလွှဲမရှောင်သာ ဆက်ဆံနေရပါတယ်ဆိုတဲ့ ဆင်ခြေပေးနေကြောင်း ဂျပန်ရောက် မြန်မာတွေက ပြောပါတယ်။

ကုလအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းကတော့ ဖမ်းထားသူတွေလွှတ်ပေးဖို့၊ အကြမ်းဖက်မှုတွေ ရပ်ဖို့၊ ညှိုနှိုင်းဆွေးနွေးမှုတွေလုပ်ဖို့ဆိုတဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက်၅ခုကို စစ်ကောင်စီအနေနဲ့ အကောင်အထည်ဖော်ပေးဖို့ ဆက်ပြီး ဖိအားပေးနေဆဲဖြစ်ပါတယ်။

#MyanmarMilitaryCoup #MyanmarJapan #VOABurmese

#ဂျပန်ဝါတာနာဘေး #ဆာဆာကာဝါ #ဦးပိုင်ကုမ္ပဏီ #စစ်ကောင်စီ #စီးပွါးရေး #ဗွီအိုအေ

=========

XS
SM
MD
LG