သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ဆိုင်ရာ မြန်မာသံဝန်ထမ်းသစ်များ ဂျပန်ပြည်ဝင်ခွင့် လတ်တလောငြင်းပယ်ခံရ


ဂျပန်ရောက်မြန်မာတွေ စစ်ကောင်စီအစိုးရကို ဆန့်ကျင်ဆန္ဒပြနေချိန် ဖြတ်သွားသူများကို ဦးညွတ်နှုတ်ဆက်စဉ်။ (ဇူလိုင် ၂၇၊ ၂၁)
ဂျပန်ရောက်မြန်မာတွေ စစ်ကောင်စီအစိုးရကို ဆန့်ကျင်ဆန္ဒပြနေချိန် ဖြတ်သွားသူများကို ဦးညွတ်နှုတ်ဆက်စဉ်။ (ဇူလိုင် ၂၇၊ ၂၁)

Zawgyi/Unicode

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာရှိတဲ့ မြန်မာသံရုံးကနေ ရာထူးက ဖယ်ရှားခံထားရတဲ့ သံတမန်နှစ်ဦးနေရာမှာ အစားထိုး ခန့်အပ်ဖို့ စစ်ကောင်စီက စေလွှတ်တဲ့သူနှစ်ဦးကို ပြည်ဝင်ခွင့်ဗီဇာပေးဖို့ ဂျပန်အစိုးရက ငြင်းပယ်လိုက်ကြောင်း ဂျပန်အစိုးရအရာရှိတွေကို ကိုးကားပြီး ဂျပန်သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြကြပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ပြီးခဲ့တဲ့ မတ်လအတွင်း CDM - အကြမ်းမဖက် အာဏာဖီဆန်မှုမှာ ပါဝင်ခဲ့တာကြောင့် တိုကျို မြန်မာသံရုံးက သံဝန်ထမ်းနှစ်ဦးကို စစ်ကောင်စီက ရာထူးက ဖယ်ရှားခဲ့တာပါ။

အသစ်ခန့်အပ်တဲ့သံဝန်ထမ်းနှစ်ဦးကို ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးဖို့ ဂျပန်အစိုးရကို မြန်မာစစ်ကောင်စီဘက် က တောင်းဆိုထားပါတယ်။ ဒီကိစ္စကို စဉ်းစားနေကြောင်း ဂျပန်ဘက်က တ့ုံပြန်ထားပေမယ့် ဗီဇာထုတ်ပေးမယ့်အစီအစဉ်ကို မစရသေးဘူးလို့ ဆိုပါတယ်။

ဒီအတောအတွင်း CDM လှုပ်ရှားမှုမှာပါဝင်လို့ ရာထူးက ဖယ်ရှားခံထားရတဲ့ သံဝန်ထမ်းနှစ်ဦးကို ဂျပန်အစိုးရက သံတမန်တွေအဖြစ် ဆက်လက် အသိအမှတ်ပြုထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ သံတမန်နှစ်ဦးကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးလိုက်ခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်တဲ့ မြန်မာစစ်ကောင်စီကို အသိအမှတ်ပြုရာ ရောက်သွားလိမ့်မယ်လို့လည်း ဂျပန်အခြေစိုက် Mainichi မိုင်းအိနိချိ သတင်းမှာ ရေးပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် ဂျပန်နိုင်ငံက ကနေ့အချိန်အထိ အသိအမှတ် ပြုမထားသေးပါဘူး။

စစ်ကောင်စီကတောင်းဆိုတဲ့အတိုင်း သံဝန်ထမ်းအသစ်နှစ်ဦးအတွက် ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးခင် ကုလသမဂ္ဂမှာရှိတဲ့ မြန်မာသံအမတ်ကိစ္စ ဘယ်လိုရလဒ်မျိုး ထွက်လာမလဲဆိုတာကို ဂျပန်အစိုးရအနေနဲ့ အနီးကပ် စောင့်ကြည့်နေကြောင်း ဂျပန်အစိုးရ တာဝန်ရှိသူတွေပြောတာကို ကိုးကားပြီး ဂျပန် သတင်းစာတွေမှာ ရေးသား ဖော်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်


======

Unicode









#WhatIsHappeningInMyanmar#Coup#Depayin#VOABurmese

#Japan#CDM#Myanmar#visa#Mainichi

XS
SM
MD
LG